နံနံပင်တွင်ပါဝင်သည့် Antioxidants များသည် ခန္ဓာကိုယ်အတွင်းရှိ ရေဒီယိုသတ္တိလှိုင်းများထကြွခြင်းမှ ကာကွယ်ပေးသောကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို အရှိန်လျော့သွားစေပါတယ်။ နဂိုမူလအသားအရေ၏ တင်းရင်းသောအနေအထားကိုလည်း ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ အကယ်၍သင်သည် အဆီအလွန်ပြန်သည့် သို့မဟုတ် ခြောက်သွေ့လွန်းသည့် အသားအရေပိုင်ဆိုင်ထားသည်ဆိုလျှင် လတ်ဆတ်သည့်နံနံပင်အရွက်များကို မနက်မိုးလင်းတိုင်း ဝါးစားလိုက်ခြင်းက ကျန်းမာရေးနှင့်အလွန်သင့်တင့်လျောက်ပတ်မှုရှိလှသည့် အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။

ထို့ကြောင့် လူသားများ၏အသားအရေအတွက် အထူးကောင်းကျိုးပေးနိုင်စွမ်းရှိသည့် နံနံပင်ကိုအသုံးပြု၍ မျက်နှာအသားအရေကို ဖြူစင်ဝင်းလက် လာစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ နံနံပင်နှင့် ရှားစောင်းလက်ပတ်

လတ်လတ်ဆတ်ဆတ်ထုထောင်းထားသည့် နံနံပင်ကို ရှားစောင်းလက်ပတ်နှင့်ပေါင်းစပ်ထားသည့် အရောကို အသားအရေပေါ်လိမ်းခြယ်ပေးခြင်းဖြင့် အရေးအကြောင်းများနှင့် အိုမင်းရင့်ရော်ခြင်းများဖြစ်ပေါ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

၂။ နံနံပင်နှင့်သံပုရာရည်

ထိုနှစ်ခုပေါင်းစပ်ထားသည့်အရောကို ဝက်ခြံများ၊ အမည်းစက်များဖြစ်ပေါ်သည့်နေရာများတွင် သုတ်လိမ်းပေးသည့်အခါ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ပြန်လည်နုပျိုလှပသည့်အသားအရေကို ရရှိစေမှာဖြစ်ပါတယ်။

၃။ နံနံပင်မျက်နှာပေါင်းတင်ဆေး

နံနံပင်ကိုထုထောင်းပြီး နို့၊ ပျားရည်နှင့် သံပုရာရည်တို့ဖြင့် ပေါင်းစပ်ပြီး မျက်နှာပေါ်တွင်ပေါင်းတင်ပေးခြင်းဖြင့် ဝင်းလက်တောက်ပသောအသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၄။ နံနံပင်၊ ဆန်၊ ဒိန်ချဉ်

ဆန်အထောင်းနှင့် ဒိန်ချဉ်အရောသည် မျက်နှာရှိကြွက်သားများနှင့် ဆဲလ်များကိုပြေလျော့စေပြီး သင့်ကိုလန်းဆန်းမှုရှိစေမှာဖြစ်ပါတယ်။

Featured Image Source: Healthline