အသီးအနှံတွေကို စားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အခွံခွာတဲ့အခါမှာပဲဖြစ်ဖြစ် လွယ်ကူလျင်မြန်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဒါ့အပြင် အသီးအနှံတွေကို တာရှည်ခံအောင် ဘယ်လိုထားရမလဲဆိုတာကိုလည်း ပြောပြပေးလိုက်ပါတယ်။

စတော်ဘယ်ရီသီးကို အလယ်အူတိုင်ဖယ်တဲ့အခါမှာ ပုံမှာပြထားတဲ့အတိုင်း ပိုက်ကိုထိုးထည့်ပြီး ထုတ်လို့ရပါတယ်။ ဒီနည်းလမ်းလေးကတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။

ငှက်ပျောသီးကို ကြာရှည်ခံအောင် အညှာမှာ ပလတ်စတစ်အပါးကို ပတ်ပြီး သိမ်းမယ်ဆိုရင်တော့ ပိုပြီးကြာရှည်ခံစေပါတယ်။ ငှက်ပျောသီးမဲမသွားဘူးပေါ့။

ပန်းသီးကိုခွဲပြီးရင် မဲမသွားအောင် ပုံမှာပြထားတဲ့အတိုင်းလှီးပြီး ပလတ်စတစ်အပါးနဲ့ပတ်ထားပေးပါ။ ခွာပြီးလည်းလုံးဝမဲမသွားပါဘူး။

ကီဝီသီးရဲ့အခွံကို လွယ်လွယ်ကူကူခွာမယ်ဆိုရင်တော့ ထိပ်နှစ်ဖက်ကို လှီးလိုက်ပါ။ ပြီးတာနဲ့ အခွံကို ပုံမှာပြထားတဲ့အတိုင်း ဓားနဲ့တစ်ချက်ပဲ ဖိချလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီနေရာကနေ ဇွန်းနဲ့ကလော်လိုက်တာနဲ့ လွယ်လွယ်ကူကူအခွံတွေ ကွာသွားမှာပါ။

သံပယိုသီးကို အရည်ပိုထွက်စေချင်ရင် လက်နဲ့ဖိပြီးလှိမ့်ပေးပါ။ ပြီးတာနဲ့ အလယ်ကနေထက်ခြမ်းခြမ်းပြီး ခက်ရင်းနဲ့ ထိုးထိုးပြီးညှစ်ပေးရင် အရည်ပိုထွက်ပါတယ်။ နောက်တစ်မျိုးကတော့ သံပယိုသီးကို Microwave ထဲခဏထည့်ပြီး အရည်ညှစ်ရင်လည်း အရည်ပိုထွက်ပါတယ်။

Photo Source: www.yummyph.com