ကျွနု်ပ်တို့ရဲ့ နေ့စဉ်လူနေမှုဘဝ၊ အလုပ်အကိုင်နဲ့ စိတ်ပူပန်စရာများက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။ အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်လာပြီ စိတ်ဖိစီးလာပြီဆိုရင် အစားအစာဘက်ကို မျှားဦးလှည့်လာကြပါတယ်။

စိတ်ဖိစီးမှုကြောင့် အစား အလွန်အကျွံစားခြင်းပါက မလိုလားအပ်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သင့် ခန္ဓာကိုယ်အလှအပကိုလည်း ပျက်ယွင်းစေနိုင်ပါတယ်။

ဒါဆိုရင် စိတ်ဖိစီးမှုကြောင့် အစား အလွန်အကျွံစားချင်စိတ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ တားဆီးကြမလဲ။

ပီကေ ဝါးပါ

စိတ်ဖိစီးမှုကို လျော့ချတဲ့နေရာမှာ ပီကေ ဝါးခြင်းက တော်တော်လေးကို ထိရောက်မှုရှိပါတယ်။ စိတ်ညစ်လာပြီ၊ စိတ်ဖိစီးလာပြီဆိုရင် ပီကေစားခြင်းအားဖြင့် မိမိစိတ်ကို ပြန်လည်တည်ငြိမ်လာအောင် ကူညီပေးနိုင်ပါတယ်။

ရေနွေးကြမ်း သောက်ပါ

ရေနွေးကြမ်း သောက်သုံးခြင်းက စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးပြီး အစား စားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

ကာဖိန်းဓာတ် ပါဝင်သော ဖျော်ရည်များကို ရှောင်ကြဉ်ပါ

ကော်ဖီနှင့် အခြားကာဖိန်းဓာတ် ပါဝင်သော ဖျော်ရည်များက စိတ်တည်ငြိမ်ခြင်းရဲ့ရန်သူတွေပဲဖြစ်ပါတယ်။ ထိုဖျော်ရည် သောက်သုံးခြင်းအားဖြင့် စိတ်ဖိစီးမှု ပိုများလာမှာဖြစ်ပြီး အစား အလွန်အကျွံ စားချင်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ဒါ့ကြောင့် ထိုဖျော်ရည်တွေအစား ရေနွေးကြမ်း (သို့) သံပုယိုရည်လေး သောက်သုံးပေးနိုင်ပါတယ်။

ရံဖန်ရံခါ အစပ် စားပါ

လေ့လာချက်များအရ ပူစပ်တဲ့ အစားအစာများက အစား စားချင်စိတ်ကို လျော့ချပေးတယ်လို့ သိရပါတယ်။ အစပ် စားခြင်းကြောင့် ကယ်လိုရီများ လောင်ကျွမ်းပြီး အချိန်တိုအတွင်း ဗိုက်ပြည့်စေပါတယ်။ ဒါပေမဲ့ ရံဖန်ရံခါပဲ စားသုံးသင့်ပါတယ်။ နေ့စဉ်နေ့တိုင်း စားသုံးပါက အာနိသင် နည်းသွားနိုင်ပါတယ်။

ပျော်ရွှင်မှုဟော်မုန်းကို ထုတ်လုပ်ပေးသော အစားအစာများ စားပါ

စိတ်ဖိစီးနေချိန်မှာ Serotonin လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းလည်း လျော့ကျတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ပျော်ရွှင်ချင်တယ်ဆိုရင် နာနတ်သီး၊ ဟင်းနုနွယ်၊ ဇီးသီးနဲ့ ထောပတ်သီးကဲ့သို့ ပျော်ရွှင်မှုဟော်မုန်းကို ထုတ်လုပ်ပေးနိုင်တဲ့ အစားအစာများ စားသုံးပေးနိုင်ပါတယ်။

Source: Brightside.me