ခဏခဏဝမ်းချုပ်တာဟာ လုံးဝမကောင်းပါဘူး။ အမြဲတမ်းဝမ်းမှန်နေမှ လူလည်းကျန်းမာမှာပါ။ ဝမ်းချုပ်ရင် ပါးစပ်နံပြီး ခံတွင်းနံ့လည်း မကောင်းပါဘူး။ ဝမ်းမကောင်းတဲ့အတွက် ခေါင်းမကြည်ပဲခေါင်းကိုက်တာတွေ၊ ဇာတ်ကြောတတ်တာတွေ မလွဲမသွေဖြစ်လာမှာပါ။

ဒီလိုဆိုရင်တော့ နေရတာလည်းမအီမသာနဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် ဝမ်းခဏခဏချုပ်တတ်တဲ့သူတွေအနေနဲ့ စားသုံးပေးရမယ့်အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီးနဲ့ ပဲနို့

Source: www.blenderbabes.com

ခဏခဏဝမ်းချုပ်တဲ့အခါမှာ ငှက်ပျောသီးနဲ့ ပဲနို့ကို ပုံမှန်စားပေးရပါတယ်။ မနက်ပိုင်းကို ငှက်ပျောသီးတစ်လုံးစားပြီး ညဘက်ကို ပဲနို့တစ်ခွက် ပုံမှန်သောက်ပေးရင် ဝမ်းမချုပ်တော့ပဲ ဝမ်းမှန်စေပါတယ်။

စပျစ်သီးခြောက်

Source: www.pinterest.com

စပျစ်သီးခြောက်မှာ အမျှင်ဓာတ်တွေများစွာပါဝင်လို့ အူလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ စပျစ်သီးခြောက်ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာ ပုံမှန်စားပေးမယ်ဆိုရင်တော့ ဝမ်းချုပ်တဲ့ဝေဒနာကိုသက်သာစေပြီး ဝမ်းမှန်စေပါတယ်။

ထောပတ်သီး

Source: www.daily.jstor.org

ထောပတ်သီးမှာလည်း အမျှင်ဓာတ်တွေများစွာပါဝင်လို့ အူလမ်းကြောင်းကိုကောင်းမွန်စေပါတယ်။ ထောပတ်သီးကို ဖျော်သောက်တာထက် ဒီတိုင်းစားတာက ပိုထိရောက်ပါတယ်။ ဝမ်းချုပ်တာသက်သာပြီး ဝမ်းမှန်ချင်ရင်တော့ ထောပတ်သီးကို အတုံးသေးသေးလေးတွေတုံးပြီး ဆားနဲ့တို့စားပေးရပါတယ်။

ဗာဒံစေ့

Source: www.flickr.com

ဗာဒံစေ့မှာလည်း အမျှင်ဓာတ်တွေများစွာပါဝင်ပါတယ်။ နောက်ပြီး ဗာဒံစေ့မှာက အမျှင်ဓာတ်တွေပေါများစွာပါဝင်လို့ ဗာဒံစေ့ကို လက်တစ်ဆုပ်စာလောက် နေ့တိုင်းစားပေးပါကဝမ်းမှန်စေပါတယ်။