သင့်အသားအရေကို ကြည့်ခြင်းအားဖြင့် သင် စားသုံးတဲ့အစားအစာက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာလား။ ကျန်းမာရေး မညီညွှတ်တဲ့ အစားအစာလား ဆိုတာကို ခန့်မှန်း သိရှိနိုင်ပါတယ်။ ဥပမာအားဖြင့် သင်က ရေသောက်နည်းမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ရေဓာတ် ခမ်းခြောက်နေမှာဖြစ်ပြီး သင့်အသားအရေကလည်း မွဲခြောက်ခြောက်ဖြစ်နေမှာပါ။

ဒါ့အပြင် သင် စားတဲ့အစားအစာပေါ် မူတည်ပြီးလည်း ဝက်ခြံထွက်ခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်းများ၊ မျက်နှာအဆီပြန်ခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် မိမိအသားအရေပေါ် လိုက်ပြီး စားသုံးရမယ့် အစားအစာများလည်း ပြောင်းလဲသွားနိုင်ပါတယ်။

နေလောင်ဒဏ်ကြောင့် အသားအရေ မညီညာသူများ

Source: Webmd.com

အသားအရေ မညီညာခြင်းကတော့ ဗီတာမင်ဓာတ်၊ အထူးသဖြင့် ဗီတာမင် B12 ဓာတ် ချို့တဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီတာမင် စီ၊ ဗီတာမင် အီးဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ သလဲသီး၊ အချဉ်ဓာတ် ကြွယ်ဝသော အသီးများ စားသုံးသင့်ပါတယ်။

နေလောင်ဒဏ်မှ ကာကွယ်ဖို့အတွက် Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ဘယ်ရီသီးများ၊ Grapefruit သီးများ၊ နာနတ်သီး၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွ၊ ဟင်းနုနွယ်များ စားသုံးသင့်ပါတယ်။

မျက်နှာအဆီပြန်သူများ

Source: Vitacost.com

မျက်နှာအဆီပြန်ခြင်းကို သက်သာစေဖို့အတွက် ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။ သရက်သီး၊ မုန်လာသနီ၊ ကြက်ဥအနှစ်၊ ဟင်းနုနွယ်၊ ကန်စွန်းဥစတဲ့ အစားအစာများကို စားသုံးသင့်ပြီး Glycemic ပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်နှင့် အာလူးတို့ကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

ဝက်ခြံပေါက်သူများ

Source: Abc.net.au

ဝက်ခြံပေါက်သူများအနေနဲ့ကတော့ ရောင်ရမ်း နီမြန်းခြင်းတို့ကို သက်သာစေဖို့အတွက် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ အခွံမာသီးများ၊ ပင်လယ်ရေညှိနှင့် ပင်လယ်စာတို့ စားသုံးပေးသင့်ပါတယ်။

အသားအရ ခြောက်သွေ့သူများ

Source: Acceleratetv.com

အသားအရေခြောက်သွေ့သူများအနေနဲ့ကတော့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ထောပတ်သီး၊ အသားများ၊ အဆီဓာတ် ကြွယ်ဝသော ငါးများ စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်အီးဓာတ်ကို မြှင့်တင်လိုက်ပါ။

အရေးအကြောင်း ဖြစ်ပေါ်သူများအတွက်

သင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများကို လျော့နည်းစေခြင်တယ်ဆိုရင်တော့ သကြား စားခြင်းကို ရပ်တန့်ခြင်း၊ အရက်သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ မိမိရှိရင်းစွဲ အသက်အရွယ်ထက် ၁၀ နှစ်လောက် ငယ်တဲ့ပုံပေါက်ချင်တယ်ဆိုရင်တော့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ဟင်းနုနွယ်၊ ကညွှတ်၊ ခရမ်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို စားသုံးသင့်ပါတယ်။

မျက်ကွင်းညိုခြင်း

လုံလောက်စွာ အိပ်စက်ခြင်း မရှိပါက မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မျက်ကွင်းညိုခြင်းကို တားဆီးဖို့အတွက် ကော်ဖီသောက်ခြင်း၊ အချိုဓာတ် လွန်ကဲသော အစားအစာများ စာသုံးခြင်း၊ နို့ထွက်ပစ္စည်းများ၊ ပေါင်မုန့်၊ အာလူးကြော်နှင့် အခြားအသင့်စား အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

သံဓာတ် ကြွယ်ဝသော အစားအစာတွေဖြစ်တဲ့ အနီရောင်အသားများ၊ တူနာငါး၊ ကြက်ဥအနှစ်များ များများစားသုံးခြင်း၊ ရေများများ သောက်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။

Source: Brightside.me