ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်အနားယူခဲ့ပေမယ့်လည်း မနက်မိုးလင်းတဲ့အခါ မျက်အိတ်ဖောင်းနေတုန်းပဲလား။ ဒီလိုဖြစ်ရခြင်းက အိပ်စက်ခြင်းနဲ့ မသက်ဆိုင်ဘဲ မိမိစားသုံးလိုက်တဲ့ အစားအစာများနဲ့ သက်ဆိုင်ပါတယ်။

ဘယ်လိုအစားအစာ စားလိုက်လို့ မျက်အိတ်ဖောင်းသွားရတာလဲ။ မျက်အိတ်ဖောင်းခြင်းကို သက်သာစေဖို့အတွက် ဘယ်လိုအစားအစာများ စားသုံးသင့်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

မျက်အိတ်ဖောင်းစေသော အစားအစာများ

စည်သွပ်ဘူး အစားအစာများ

Tuna Can

စည်သွပ်ဘူး အစားအစာတွေထဲမှာ အစားအစာများ ကြာရှည်ခံဖို့ရန်အတွက် ဆိုဒီယမ်ဓာတ်များကို အများအပြား အသုံးပြုထားပါတယ်။ ထိုဆိုဒီယမ်ဓာတ်များက မျက်အိတ်ရောင်ခြင်း ဖောင်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာဆိုပေမယ့် မျက်အိတ်ဖောင်းစေတဲ့ Solanine ဓာတ်များ ပါဝင်ပါတယ်။ မျက်အိတ်ဖောင်းခြင်းကို စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင်တော့ ခရမ်းချဉ်သီး လျော့စားပေးလိုက်ပါ။

ဂျုံဖြင့် ပြုလုပ်ထားသော ပေါင်မုန့်

သင်က ဂျုံ၊ မုယောစပါး စသည်တို့နဲ့ ပြုလုပ်ထားတဲ့ အစားအစာများကို စားရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်ရဲ့ မျက်စိကို သေချာသတိထားကြည့်ရပါမယ်။ ဘယ်လောက်ပဲ အိပ်ရေးဝအောင် အိပ်နေပါစေ မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းတို့ ဖြစ်ပေါ်နိုင်လို့ပါပဲ။

နို့နှင့် နို့ထွက်ပစ္စည်းများ

နို့နှင့် နို့ထွက်ပစ္စည်းတွေက မျက်အိတ်ရောင်ရမ်းစေတဲ့ တရားခံတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ရေခဲမုန့် ကြိုက်နှစ်သက်သူများအနေနဲ့လည်း ရေခဲမုန့်ကို နို့နှင့် နို့ထွက်ပစ္စည်းများမှ ထုတ်လုပ်ထားတယ်ဆိုတာကို သတိချပ်သင့်ပါတယ်။

သကြား

သကြားက မျက်အိတ်တစ်ခုတည်းတင်မကပါဘူး။ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ရောင်ရမ်းစေတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ မျက်အိတ်ရဲ့အရေပြားက ပိုမိုပါးလွှာတဲ့အတွက်ကြောင့် မျက်အိတ်ဖောင်းခြင်းက ပိုမိုသိသာတာပဲဖြစ်ပါတယ်။

ငရုတ်သီး

ခရမ်းချဉ်သီးလိုပဲ ငရုတ်သီးမှာလည်း မျက်အိတ်ရောင်ရမ်းစေတဲ့ Solanine ဓာတ်တို့ ပါဝင်တာကြောင့် ဘယ်လောက်ပဲ အစပ်ကြိုက်နေပါစေ ငရုတ်သီးကိုတော့ မစားသင့်ပါဘူး။ ငရုတ်သီးအစားများပါက ရင်ပူစေပါသေးတယ်။

မျက်အိတ်ဖောင်းခြင်းကို သက်သာစေဖို့အတွက် စားသုံးသင့်တဲ့အစားအစာများ

နံနံပင်

နံနံပင်ကတော့ ကျောက်ကပ်မှာ စုပုံနေတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် မျက်အိတ်ဖောင်းခြင်းကို သက်သာစေပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံက အမျှင်ဓာတ်များ ကြွယ်ဝတာကြောင့် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဝမ်းချုပ်ခြင်းကြောင့်လည်း မျက်အိတ်ဖောင်းစေတာကြောင့် အုတ်ဂျုံကို မနက်စာအဖြစ် စားသုံးပေးနိုင်ပါတယ်။

ထောပတ်သီး

သင့်ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းကော အပြင်ပိုင်းကောပါ အကျိုးပြုတဲ့ ထောပတ်သီး

ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် ကေက မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။

သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးပေါ်မှာ ဆယ့်ငါးမိနစ်ခန့် ကပ်ပေးထားမယ်ဆိုရင်တော့ မျက်ကွင်းညိုပြီး ပင်ပန်းနွမ်းနယ်ပုံခြင်းမှ ကာကွယ်ပေးပြီး ရွှင်လန်းကြည်လင်လာစေမှာပဲဖြစ်ပါတယ်။

Source:  Brightside.me