ဝက်ခြံနဲ့ အမဲစက်များက သင့်ရဲ့အသားအရေနဲ့ အရေပြားအောက်ရှိ တစ်သျှူးများကို ပျက်စီးစေပါတယ်။ ထိုအခါမှာ သင့်ခန္ဓာကိုယ်က ထိုပျက်စီးမှုများကို ပြန်လည်ပြုပြင်ပေးဖို့ရန်နှင့် ကောလဂျင်များ ထုတ်လုပ်ပေးဖို့ရန်အတွက် ကြိုးစားရပါတယ်။ တကယ်လို့ သင်ခန္ဓာကိုယ်က ကောလဂျင်များ ထုတ်လုပ်မှု နည်းပါးပါက (သို့) များပြားလွန်းပါက အမာရွတ်များ ဖြစ်ပေါ်တတ်ပါတယ်။

ဒါပေမဲ့ အာဟာရညီညွှတ်မျှတပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးခြင်းအားဖြင့် သင့်အသားအရေကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။

ဒါဆိုရင် ဝက်ခြံနဲ့ အမဲစက်များ ပျောက်ကင်းဖို့ရန်အတွက်နဲ့ အသားအရေ နူးညံ့စိုပြေဖို့အတွက် ဘယ်လိုအစားအစာတွေက ကူညီပေးနိုင်မလဲ။

ရွှေဖရုံသီး

ရွှေဖရုံသီးမှာပါဝင်တဲ့ Folate ဓာတ်က သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်လာအောင် ကူညီပေးပါတယ်။ ရွှေဖရုံသီးအစေ့မှာပါဝင်တဲ့ ဇင့်ဓာတ်က ဟော်မုန်းပမာဏနှင့် အဆီထုတ်လုပ်ခြင်းတို့ကို ထိန်းညှိပေးပြီး အသားအရေကို ကုသပေးရာမှာ အစွမ်းထက်ပါတယ်။ ရွှေဖရုံသီးရဲ့ ဗီတာမင်အေကတော့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်များကို သေးငယ်စေပါတယ်။

ကိုက်လန်

ကိုက်လန်မှာပါဝင်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ ၊ Antioxidants များက အသားအရေ မညီမညာဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဗီတာမင် ကေကတော့ အမဲစက်များကို လျော့ချပေးပြီး သံဓာတ်ကတော့ အနာကျက်မြန်အောင် အစက်အပျောက်များ ကင်းဝေးအောင် ကူညီပေးပါတယ်။

သံပုယိုသီး

သံပုယိုသီးက လျော့တိလျော့ရဲ ဖြစ်နေတဲ့အသားအရေကို တင်းရင်းလှပစေပြီး အမဲစက်များကို တိုက်ဖျက်ပေးပါတယ်။ မနက်မိုးလင်းတိုင်းမှာ ရေနွေးနွေးတစ်ခွက်ထဲ သံပုယိုရည် ညှစ်ထည့်ကာ နေ့စဉ်မှန်မှန် သောက်သုံးပါက အသားအရေကို ကျန်းမာပြီး ကြည်လင်ဝင်းပစေပါလိမ့်မယ်။

ကန်စွန်းဥ

ကန်စွန်းဥမှာ Retinol နဲ့ Beta-Carotene ဓာတ်တို့ ပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်က Beta-Carotene ဓာတ်ကို ဗီတာမင်အေအဖြစ် ပြောင်းလဲပေးပြီး အသားအရေ မညီမညာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ ချွေးပေါက်ပိတ်ခြင်းတို့ကို သက်သာစေပါတယ်။ Retinol ကတော့ ပါးရေတွန်းခြင်းမှ ကင်းဝေစေပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။

သင်္ဘောသီး

သင်္ဘောသီး စားသုံးခြင်းက ဆဲလ်သေများကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်ခြင်းမှ ကာကွယ်ပေးပြီး အမဲစက်များကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ရေဓာတ် ဖြည့်ပေးပါတယ်။

ပန်းဂေါ်ဖီ

ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်တဲ့ အမဲစက်များကို ဖယ်ရှားပေးပြီး အနာကျက်မြန်အောင် ကူညီပေးတဲ့ အစွမ်းထက်အစားအစာကတော့ ပန်းဂေါ်ဖီပဲဖြစ်ပါတယ်။

Source: Brightside.me