တစ်ပတ် ၇ ရက်အတွင် ၁၅ ပေါင်၊ ၁၇ ပေါင်လောက် ဝိတ်ကျချင်သူများအတွက် တစ်ပတ်အတွင်း ဝိတ်ကျသွားစေမယ့် Diet Plan လေး ရှိပါတယ်။

၇ ရက်အတွင်း ဝိတ်အမြန်ချချင်သူများအတွက် အခုဖော်ပြပေးမယ့် Diet Plan နဲ့ စနစ်တကျစားသောက်မယ်ဆိုရင်တော့ သိသိသာသာဝိတ်ကျသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

ပထမရက်

မနက် ၈ နာရီ – ရေ တစ်ဖန်ခွက်၊ ပန်းသီးတစ်လုံးနှင့် ဘယ်ရီသီးအနည်းငယ်ကို မနက်စာအဖြစ် စားသုံးပေးလိုက်ပါ။

မနက် ၁၀ နာရီခွဲ – သခွားမွှေး ပန်းကန်လုံးတစ်လုံးစာကို ရေ တစ်ဖန်ခွက်ဖြင့် တွဲဖက်စားသုံးပါ။

နေ့လည် ၁၂ နာရီခွဲ – ဖရဲသီး ပန်းကန်လုံးတစ်လုံးစာကို ရေ ၂ ဖန်ခွက်ဖြင့် တွဲဖက်စားသုံးပါ။

ညနေ ၄ နာရီ – လိမ္မော်သီး တစ်လုံးကို ရေ တစ်ဖန်ခွက်ဖြင့် တွဲဖက်စားသုံးပါ။

ညနေ ၆ နာရီခွဲ – ရေတစ်ဖန်ခွက်နှင့် ဘယ်ရီသီး၊ သခွားမွှေး ပန်းကန်လုံးတစ်လုံးစာတို့ကို ညစာအဖြစ် စားသုံးပါ။

ည ၈ နာရီခွဲ – ရေနှစ်ဖန်ခွက်နှင့် ဖရဲသီး ပန်းကန်လုံးတစ်ဝက်စာကို ညလယ်စာအဖြစ် စားသုံးပါ။

ဒုတိယရက်

မနက် ၈ နာရီ – ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ရောပြုတ်ထားတဲ့ အာလူးပြုတ်ကို မနက်စာအဖြစ် စားသုံးပေးပါ။ ရေတစ်ဖန်ခွက်ပါ သောက်သုံးပေးရပါမယ်။

မနက် ၁၀ နာရီခွဲ – သခွားသီးတစ်ဝက်ကို ရေတစ်ဖန်ခွက်နဲ့ တွဲဖက်စားသုံးပေးပါ။

နေ့လည် ၁၂ နာရီခွဲ – ဆလပ်ရွက်၊ ဟင်းနုနွယ်၊ ငရုတ်ပွ၊ ကိုက်လန်ရွက်တို့ကို သမအောင် ရောသုပ်ပြီး နေ့လည်စာအဖြစ် စားသုံးပါ။ ရေ ၂ ဖန်ခွက် သောက်သုံးပေးပါ။

ညနေ ၄ နာရီ – မုန်လာဥနီ တစ်ဝက်ကို ရေ တစ်ဖန်ခွက်ဖြင့် တွဲဖက်စားသုံးလိုက်ပါ။

ညနေ ၆ နာရီခွဲ – ပြုတ်ထားသော ပန်းဂေါ်ဖီစိမ်းနှင့် ပဲလုံးစိမ်းတို့ကို ရေတစ်ဖန်ခွက်ဖြင့် တွဲဖက်စားသုံးပေးပါ။

ည ၈ နာရီခွဲ – သခွားသီးတစ်လုံးကို ရေ ၂ ဖန်ခွက်ဖြင့် တွဲဖက်စားသုံးပါ။

တတိယရက်

မနက် ၈ နာရီ – ရေ ၂ ခွက်နှင့် သခွားမွှေး ပန်းကန်လုံးတစ်ဝက်စာကို မနက်စာအဖြစ် စားသုံးပါ။

နေ့လည် ၁၂ နာရီခွဲ – နာနတ်သီး ပန်းကန်လုံးတစ်လုံးစာကို ရေ ၂ ဖန်ခွက်ဖြင့် တွဲဖက်စားသုံးပါ။

ညနေ ၄ နာရီ – သခွားသီး၊ မုန်လာဥနီ၊ ဆလပ်ရွက်တို့ ရောသုပ်ထားသည့် အသုပ်ကို ရေ တစ်ဖန်ခွက်ဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။

ညနေ ၆ နာရီခွဲ – ရေ ၂ ဖန်ခွက်နှင့် ဟင်းရွက်သုပ် (ပြုတ်ထားသော ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်)တို့ကို ညစာအဖြစ် စားသုံးလိုက်ပါ။

ည ၈ နာရီခွဲ – ညလယ်စာအဖြစ် ရေ တစ်ဖန်ခွက်နှင့် သစ်တော်သီး တစ်လုံးကို စားသုံးနိုင်ပါတယ်။

စတုတ္ထရက်

မနက် ၈ နာရီ – ငှက်ပျောသီး ၂ လုံးနှင့် နွားနို့တစ်ခွက်

မနက် ၁၀ နာရီခွဲ – ငှက်ပျောသီး ၁ လုံး၊ ရေ တစ်ဖန်ခွက် (သို့) ငှက်ပျောသီး မစ်ရှိတ် တစ်ဖန်ခွက်

နေ့လည် ၁၂ နာရီခွဲ – မစ်ရှိတ် (ငှက်ပျောသီး ၂ လုံး၊ နွားနို့တစ်ခွက်၊ ကိုးကိုးမှုန့်အနည်းငယ်တို့ဖြင့် ဖျော်ထားသော မစ်ရှိတ်) တစ်ခွက် သို့မဟုတ် ဟင်းရွက်စွပ်ပြုတ် တစ်ပန်းကန်

ညနေ ၄ နာရီ – ငှက်ပျောသီး ၂ လုံး

ညနေ ၆ နာရီခွဲ – ငှက်ပျောသီး တစ်လုံးနှင့် နွားနို့ တစ်ဖန်ခွက်

ည ၈ နာရီခွဲ – နွားနို့ တစ်ဖန်ခွက်

ပဉ္စမရက်

မနက် ၈ နာရီ – ခရမ်းချဉ်သီး ၃ လုံး၊ ပဲပင်ပေါက် အနည်းငယ်နှင့် ရေ ၂ ဖန်ခွက်

မနက် ၁၀ နာရီခွဲ – ပန်းသီး တစ်လုံးနှင့် ရေ တစ်ဖန်ခွက်

နေ့လည် ၁၂ နာရီခွဲ – ထမင်း ပန်းကန်လုံးတစ်ဝက်စာ၊ ငါးအသားလွှာ သုံးအောင်စခန့် (သို့) ဟင်းသီးဟင်းရွက်အနည်းငယ်၊ ရေ တစ်ဖန်ခွက်

ညနေ ၄ နာရီ – ခရမ်းချဉ်သီး ၂ လုံးနှင့် ရေ တစ်ဖန်ခွက်

ညနေ ၆ နာရီခွဲ – ထမင်း ပန်းကန်လုံးတစ်လုံးစာ၊ ခရမ်းချဉ်သီး ၁ လုံးနှင့် ရေ ၂ ဖန်ခွက်

ည ၈ နာရီခွဲ – ထိုရက်တွင်တော့ ညလယ်စာ စားရန် မလိုအပ်ပါ။

ဆဌမရက်

မနက် ၈ နာရီ – မုန်လာဥနီဖျော်ရည် တစ်ခွက်၊ ပဲသီးပြုတ် ပန်းကန်လုံးတစ်ဝက်စာ

မနက် ၁၀ နာရီခွဲ – မိမိကြိုက်နှစ်သက်ရာဟင်းရွက်ပြုတ် ပန်းကန်လုံးတစ်လုံးစာနှင့် ရေ ၂ ဖန်ခွက်

နေ့လည် ၁၂ နာရီခွဲ – ထမင်း ပန်းကန်လုံးတစ်ဝက်စာ၊ ဟင်းသီးဟင်းရွက် ပန်းကန်လုံးတစ်ဝက်စာနှင့် တူနာ (သို့) ငါးအသားလွှာ တစ်မျိုးမျိုး

ညနေ ၄ နာရီ – သခွားသီး ပန်းကန်လုံးတစ်လုံးစာနှင့် ရေ ၂ ဖန်ခွက်

ညနေ ၆ နာရီခွဲ – ထမင်း ပန်းကန်လုံးတစ်ဝက်စာ၊ ဟင်းသီးဟင်းရွက် ပန်းကန်လုံးတစ်ဝက်စာ၊ ကြက်သားအနည်းငယ်နှင့် ရေ ၂ ဖန်ခွက်

ည ၈ နာရီခွဲ – ထိုရက်တွင်လည်း ညလယ်စာ စားရန်မလိုအပ်ပါ။

သတ္တမရက်

မနက် ၈ နာရီ – လိမ္မော်ဖျော်ရည် (သို့) ပန်းသီးဖျော်ရည် တစ်ခွက်

မနက် ၁၀ နာရီခွဲ – သစ်သီးသုပ် ပန်းကန်လုံးတစ်လုံးစာနှင့် ရေ ၂ ဖန်ခွက်

နေ့လည် ၁၂ နာရီခွဲ – ရေ ၂ ဖန်ခွက်၊ ထမင်း ပန်းကန်လုံးတစ်ဝက်နှင့် ဟင်းရွက်ကြော် ပန်းကန်လုံးတစ်ဝက်စာ

ညနေ ၄ နာရီ – ဖရဲသီး ပန်းကန်လုံးတစ်လုံးစာနှင့် ရေ ၂ ဖန်ခွက်

ညနေ ၆ နာရီခွဲ – ဟင်းရွက်စွပ်ပြုတ် တစ်ခွက်နှင့် ရေ ၂ ဖန်ခွက်

ည ၈ နာရီခွဲ – ထိုရက်တွင်လည်း ညလယ်စာ ရှောင်ရပါမယ်။

Source: Stylecraze.com