သင် စားသုံးလိုက်တဲ့ အစားအစာနဲ့ သင့်ရဲ့အလှအပက ချိတ်ဆက်နေကြတာပါ။ ဒါ့ကြောင့် အလှအပကို မိမိစားသုံးမယ့်အစားအစာကို ဂရုစိုက်သင့်ပါတယ်။

အပြုံးအလှပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်လည်း ကိုယ်စားမယ့်အစားအစာက ကိုယ့်သွားအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်သလဲ။ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်သလဲဆိုတာကို သိထားသင့်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ သွားဖြူချင်တဲ့သူတွေအတွက် ရှောင်ကြဉ်ရမယ့် အစားအစာ (၇) မျိုးကို ဖော်ပြပေးသွားချင်ပါတယ်။

ပဲငံပြာရည်

ဆူရှီကဲ့သို့ ဂျပန်စာတွေ စားမယ်ဆိုရင် ပဲငံပြာရည်နဲ့ ပြုလုပ်ထားတဲ့အချဉ်ရည်တွေကို သတိပြုသင့်ပါတယ်။ ထိုအချဉ်ရည်များက သင့်သွားကို ဝါကျဉ်ကျဉ်ဖြစ်စေတာကြောင့် မစားသုံးသင့်ပါဘူး။

ကော်ဖီ

ကော်ဖီချစ်သူများအနေနဲ့ သွားဖြူချင်တယ်ဆိုရင်တော့ ကော်ဖီဖြတ်ဖို့ လိုပါမယ်။ တကယ်လို့ ကော်ဖီမဖြတ်နိုင်ဘူးဆိုရင်တော့ ကော်ဖီထဲကို နို့များများ (သို့) ခရင်မ်များများ ထည့်သောက်ပေးလိုက်ပါ။ ခရင်မ်နဲ့ နွားနို့များ ထည့်ခြင်းအားဖြင့် သွားများ စွန်းထင်းခြင်းကို လျော့နည်းစေနိုင်ပါတယ်။

ဆားရည်စိမ် တို့စရာများ

ထိုဆားရည်စိမ် တို့စရာတွေမှာ အက်ဆစ်ဓာတ်များပြားစွာပါဝင်တာကြောင့် သင့်ရဲ့သွားကြွေလွှာကို ပျက်စီးစေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဆားရည်စိမ်ပြီးမှ တို့စားမယ့်အစား လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်များကိုသာ တို့စားပေးလိုက်ပါ။

ဝိုင်နီ

ဆားရည်စိမ်တို့စရာလိုပဲ ဝိုင်နီမှာလည်း အက်ဆစ်ဓာတ်များပြားတာကြောင့် သင့် သွားကြွေလွှာကို ပျက်စီးစေပြီး သွားများကို စွန်းထင်းစေပါတယ်။

ဘယ်ရီသီးများ

နောက်ထပ်လျှော့စားရမယ့် အစားအစာတစ်ခုကတော့ ဘယ်ရီသီးတွေပဲဖြစ်ပါတယ်။ ဘယ်ရီသီးရဲ့သေးငယ်တဲ့အစေ့လေးတွေက သင့် သွားဖုံးကြားထဲညှပ်ပြီး ရောဂါပိုးများ ဝင်စေနိုင်တဲ့အပြင် သူ့ရဲ့အရောင်ကလည်း သင့်သွားကို စွန်းထင်းပေရေစေမှာပဲဖြစ်ပါတယ်။

ဆိုဒါအချိုရည်များ

ကိုလာနဲ့ ဆိုဒါအချိုရည်တွေက သွားပိုးစားစေပြီး သွားဝါစေပါတယ်။ လုံးဝမဖြတ်နိုင်ဘူးဆိုရင်တော့ ကိုလာထဲကို ခရင်မ် (သို့) ရေခဲမုန့်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။

သကြားလုံး ဗီတာမင်ဆေးများ

Source: Healthline.com

သကြားလုံး ဗီတာမင်လေးတွေက အရသာရှိပါတယ်။ ဒါပေမယ့် ထိုဗီတာမင်ထဲမှာ သကြားဓာတ် များပြားစွာပါဝင်တဲ့အတွက်ကြောင့် သင့် သွားကို ပျက်စီးစေပါတယ်။ ချိုချဉ်ဗီတာမင်လေးတွေ စားမယ့်အစား ဆေးတောင့် ဗီတာမင်လေးတွေနဲ့ အစားထိုးစားသုံးပေးလိုက်ပါ။

Source: Bustle.com