မြန်မာနိုင်ငံမှာတော့ ငှက်ပျောသီးကို အဝါ၊ အစိမ်း၊ အနီ စသဖြင့် မြင်ဖူးကြပေမယ့် ကမ္ဘာတစ်ဝှမ်းမှာတော့ ကိုယ်မသိမကျွမ်းဝင်တဲ့ ငှက်ပျောသီးမျိုးစိတ်တွေ များစွာရှိပါသေးတယ်။

အရှေ့တောင်အာရှရှိ လူအများစုကတော့ ငှက်ပျောသီးအဝါကိုသာ အဓိကစားသုံးလေ့ရှိကြပေမယ့် ရွှေငှက်ပျောသီးလို့ခေါ်ကြတဲ့ အနီရောင်အဆင်းရှိတဲ့ ငှက်ပျောသီးတွေကိုလည်း တစ်ခါတစ်လေတော့ စားသုံးတတ်ကြပါတယ်။

သိပ်ပြီးမစားဖြစ်ကြတဲ့ ရွှေငှက်ပျောသီးကို စားသုံးခြင်းကလည်း ဘယ်လိုမျိုး အကျိုးကျေးဇူးတွေကို ခံစားရရှိနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

၁။ အာဟာရဓာတ်တွေ များစွာပါဝင်ခြင်း

Source: Healthline

အဝါရောင်ငှက်ပျောသီးများလိုပဲ ရွှေငှက်ပျောသီးမှာလည်း လိုအပ်တဲ့ အာဟာရဓာတ်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ ပိုတက်စီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီစစ်နှင့် သင့်တင့်လျောက်ပတ်တဲ့ ဖိုက်ဘာဓာတ်တို့ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

၂။ သွေးပေါင်ချိန်ကိုကျစေခြင်း

Source: Grunge

လူ့ခန္ဓာကိုယ်တွင်းမှာ သွေးပေါင်ချိန်ပုံမှန်လည်ပတ်စေဖို့အတွက် လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်ကို ရွှေငှက်ပျောသီးများအား သုံးစွဲပေးခြင်းဖြင့် ရရှိနိုင်တာကြောင့် သွေးတိုးရှိသူများအနေနဲ့ ရွှေငှက်ပျောသီးတွေကို စားသုံးပေးနိုင်ပါတယ်။

၃။ မျက်လုံးကျန်းမာရေးကိုထောက်ပံ့နိုင်ခြင်း

Source: Lifehack

မျက်လုံးကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ Lutein နှင့် Beta Carotene ဓာတ်တို့ကို ရွှေငှက်ပျောသီးမှာ ရှာတွေ့နိုင်ပါတယ်။ ဒါ့အပြင် အခြားအသီးအနှံတွေလိုပဲ Antioxidants များကြွယ်ဝတာကြောင့် မှန်မှန်စားသုံးပေးပါ။

Featured Image Source: Pinterest