ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါ ညှိုးနွမ်းနေတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေပဲ တွေ့လိုက်လို့ဆိုပြီး စိတ်မညစ်လိုက်ပါနဲ့။ သိပ်မလတ်ဆတ်တော့တဲ့ နွားနို့များ၊ အစားအစာများကို မလွှင့်ပစ်ဘဲ အရသာကောင်းမွန်တဲ့ အစားအစာအသစ်တစ်ခု ပြန်လည်ဖန်တီးပေးနိုင်ပါတယ်။

ဒီလိုဆိုရင်တော့ ဖြုန်းတီးရာ မရောက်တော့ဘဲ ပိုက်ဆံတွေလည်း စုမိဆောင်းမိဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုအစားအစာတွေကို အသစ်ပြန်လည်ဖန်တီးလို့ ရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

အုတ်ဂျုံကနေ ကွတ်ကီးလုပ်စားကြမယ်

အုတ်ဂျုံတွေကို ကျိုချက်တဲ့အခါ ရေအချိန်အဆ တိကျဖို့ လိုပါတယ်။ ရေအချိန်အဆ မှားသွားမယ်ဆိုရင် ပျော့စိပြဲသွားနိုင်ပါတယ်။ ဒါပေမဲ့ မလွှင့်ပစ်လိုက်ပါနဲ့။ ကွတ်ကီးအဖြစ် ပြန်လုပ်စားလို့ရပါသေးတယ်။

ချဉ်သွားတဲ့ နွားနို့များကို လွှင့်ပစ်လိုက်တော့မှာလား

ချဉ်သွားတဲ့ နွားနို့တွေက တစ်ခါတည်း အချဉ်ဖောက်ပြီးသားဖြစ်သွားတာကြောင့် ပန်ကိတ်ပြုလုပ်တဲ့အခါ (သို့မဟုတ်) ကိတ်မုန့်၊ ဒိန်ခဲ စသည်တို့ ပြုလုပ်တဲ့အခါ အသုံးတည့်ပါတယ်။

အစားအစာ အကပ်အသတ်လေးတွေပဲ ကျန်တော့တဲ့အခါ

အစားအစာ ချက်ပြုတ်တဲ့အခါ ပါဝင်ပစ္စည်းတွေက ဟိုနည်းနည်း၊ ဒီနည်းနည်းနဲ့ ကျန်နေတတ်ပါတယ်။ ထိုပါဝင်ပစ္စည်းလေးတွေကို ပီဇာဖြစ်အောင် လုပ်စားနိုင်ပါတယ်။

ညှိုးနွမ်းနေတဲ့ ဟင်းသီးဟင်းရွက်များကို

အကင်လင်ဗန်းထဲထည့်ပြီးနောက် Oven ထဲမှာ မိနစ်အနည်းငယ်ခန့် ထည့်ထားလိုက်ပါ။ ထိုဟင်းရွက်စုံထဲသို့ ပရိုတင်းဓာတ်များ ပါဝင်တဲ့ ကြက်သား (သို့) ငါး မိမိကြိုက်နှစ်သက်ရာတစ်ခုခု ထည့်လိုက်ပါ။ အာဟာရပြည့်ဝစုံလင်တဲ့ ဟင်းတစ်ပွဲ ရရှိသွားပါလိမ့်မယ်။

Nutella ချောကလက်အနှစ်ဘူးထဲက အကပ်အသတ်လက်ကျန်များကို ပြောင်သလင်းခါသွားအောင် ဘယ်လိုစာရင်းရှင်းရမလဲ

ချောကလက်ဖျော်ရည် ဖျော်သောက်ပေးလိုက်ပါ။ ချောကလက်ပူ တစ်ခွက် ကောင်းကောင်းကြီး ဖျော်သောက်လို့ရပါတယ်။

အမှည့်လွန်နေတဲ့ ခရမ်းချဉ်သီးများ

ခရမ်းချဉ်သီးတွေက အမှည့်လွန်ပြီး ပျော့စိသွားတယ်ဆိုပြီး မလွှင့်ပစ်လိုက်ပါနဲ့။ ထိုအမှည့်လွန်နေတဲ့ ခရမ်းချဉ်သီးတွေကို အခွံခွာပြီးနောက် ၁၀ မိနစ်ခန့် မီးအပူပေးလိုက်ပါ။ ခရမ်းချဉ်သီးများ အရည်ပျော်လာပြီး ခရမ်းချဉ်သီးအနှစ်များ ရရှိလာပါလိမ့်မယ်။

ဝက်အူချောင်းနဲ့ ဝက်သားပြားများကို လတ်လတ်ဆတ်ဆတ် အထားခံဖို့အတွက်

ရေခဲသေတ္တာအအေးခန်းထဲမှာ အအေးခံထားလိုက်ပါ။ ဝက်အူချောင်း၊ ဝက်သားပြားများက အလုပ်ရှုပ်တဲ့ အိမ်ရှင်မတွေအတွက်တော့ အဖော်မွန်ကောင်းပါပဲ။

Source: Brightside.me