အိမ်မှာ ချက်တဲ့ အစားအစာတွေက ငွေကုန်ကြေးကျလည်းသက်သာပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အာဟာရ သိပ္ပံဆိုင်ရာ အကယ်ဒမီက အစားအစာတွေမှာရှိတဲ့ အာဟာရတွေကို မပျက်စီးသွားဘဲ အရသာကို ထူးကဲအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သုတေသနပြုလုပ်ခဲ့ပါတယ်။

ဆီတွေ၊ အဆီတွေ၊ ဆားတွေနဲ့ ကယ်လိုရီတက်စေမယ့် အရာတွေကို မထည့်ဘဲ အာဟာရပြည့်ဝပြီး အရသာရှိအောင် ချက်ပြုတ်    နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့ကြတာပါ။

salt_feature

အရည်အသွေးကောင်းတဲ့ ပါဝင်ပစ္စည်းများ

အစားအသောက်ရဲ့ အရသာ ကောင်းဖို့ဆိုရင် ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးကလည်းမြင့်နေဖို့လိုပါတယ်။ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးမြင့်တယ်ဆိုတာ ဈေးကြီးတဲ့ ပါဝင်ပစ္စည်းတွေ သုံးရမယ် သို့မဟုတ် များများ သုံးရမယ်လို့ မဆိုလိုပါဘူး။ စနစ်တကျ သိုလောင်ထားတဲ့၊ စနစ်တကျ ထုတ်လုပ်ထားပြီး လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေ အသုံးပြုဖို့ ပါဘဲ။

စားသောက်ကုန်တွေက အရသာတွေနဲ့ အရည်အသွေးတွေ စနစ်တကျ သိုလှောင်မှုမရှိတာကြောင့် ပျက်စီးကြတာများပါတယ်။

4519597209_7fbc424a7b_b

ကြာကြာချက်ပြုတ်ခြင်းရဲ့ ဆိုးကျိုး

ချက်ပြုတ်သင့်တဲ့အချိန်ထက်ပိုပြီး ချက်ပြုတ်ရင်လည်း အရသာနဲ့ အာဟာရတွေ ပျက်ပြယ်နိုင်ပါတယ်။ အရည်အသွေးညံ့တဲ့ အစားအစာတွေကို       ချက်ပြုတ်လိုက်ရုံနဲ့ ပိုကောင်းအောင်မလုပ်နိုင်ပေမယ့် အရည်အသွေးမြင့်တဲ့ အစားအစာတွေကိုတော့ ချက်ပြုတ်လိုက်ရင် အနံ့အရသာ                   ပိုကောင်းစေပါတယ်။

seafood_fish_food_shellfish_scallop_cooking-1054527.jpg!d

အနံ့အရသာ လည်းကောင်းပြီး အာဟာရတွေလည်း လျော့မသွားတဲ့ ချက်ပြုတ်နည်း

  • ခြေလေးချောင်းသားတွေ၊ ကြက်သား၊ ငါးတွေရဲ့ အနံ့အရသာကို ပိုကောင်းသွားစေဖို့ မီးပြင်းပြင်းနဲ့ ချက်နည်းတွေဖြစ်တဲ့            ဒယ်အိုးပြားနဲ့ကြော်တာ၊ အသားကင်တာတို့ နဲ့ အသားတွေကို အညိုရောင်ပြောင်းသွားပြီး အရသာတွေလည်း ပိုထူးကဲသွားစေပါတယ်။ ဒါပေမယ့် မမည်းသွားအောင်၊ မတူးသွားအောင် ဂရုစိုက်ရပါမယ်။

abstract_barbecue_barbeque_bbq_beef_bone_britain_british-819288.jpg!d

  • ဟင်းသီးဟင်းရွက်တွေကို ၄၅၀ ဒီဂရီ ဖာရင်ဟိုက် အပူချိန်နဲ့ ကင်မယ်ဆိုရင်လည်း အာဟာရ မပျောက်သွားဘဲ အနံ့အရသာ             ပိုကောင်းစေပါတယ်။ မကင်ခင်မှာ ဆီလေးအနည်းငယ်ကို အသားပေါ်မှာ စုတ်တံလေးနဲ့ သုတ်လိမ်းပေးပြီး ဟင်းခတ်အမွေးအကြိုင်လေးတွေကို အနည်းငယ်ဖြူးပေးပါ။

grilling-1081675_960_720

  • ကြက်သွန်ကို ပါးပါးလှီးပြီး ဆီလေး နည်းနည်းကို မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း ကြော်ရင်လည်း ကြက်သွန်ရဲ့ သဘာဝ                  အချိုဓာတ်တွေထွက်လာပါတယ်။ အဲ့ဒီဆီကို ယူပြီးမှ ဟင်းချက်တာမျိုးဆို အချိုဓာတ်လေး စိမ့်နေမှာဖြစ်ပါတယ်။

20120820-burger-lab-onions-09

  • ငရုတ်သီး အနီ၊ အစိမ်း၊ အ၀ါစတာတွေကို အသုံးပြုပြီး ဟင်းလျာတွေကို ပူစပ်စပ်လေးဖြစ်အောင် ဖန်တီးလို့ရပါတယ်။ ဒါတွေက အသားတွေ၊ အရွက်တွေရဲ့ အာဟာရကို မထိခိုက်ပါဘူး။

Citrus Orange Grapefruit Food Pomelo Fruit Lemon

  • ချဉ်တဲ့ အရသာလိုချင်ရင် သံပုရာရည်၊ လိမ္မော်ရည်တို့ကိုလည်း ထည့်ပေးလို့ရပါတယ်။
  • ဟင်းလျာမှာ အရသာ ပြင်းပြင်းလေးတွေ လိုချင်ရင် သလဲသီး အစေ့ကိုလည်း ထည့်သုံးလို့ရပါတယ်။
  • အရသာ ပူရှိန်းရှိန်းလေး လိုချင်ရင် ဒန့်သလွန်ရွက်၊ မုန်ညင်း၊ ချတ္တနီး၊ ၀ါဆာဘီ စတာတွေကို ထည့်သွင်းချက်ပြုတ်လို့ရပါတယ်။

ခနော ကြက်သားမှုန့်

အဲ့ဒီအပြင် ဟင်းလျာတွေရဲ့ အနံ့အရသာကို ပိုထူးကဲအောင် ခနော ကြက်သားမှုန့်ကိုလည်း အသုံးပြုလို့ရပါတယ်။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ခနောကြက်သားမှုန့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၉နှစ်၊ ၁၈၃၈ ခုနှစ်က Carl Heinrich Knorr က ဂျာမနီနိုင်ငံ မှာတည်ထောင်ခဲ့တာဖြစ်ပြီး အသီးအရွက်    အခြောက်တွေ၊ ဆေးဘက်ဝင် အရွက်တွေကနေ အရသာရှိပြီး အာဟာရရှိမယ့် ဟင်းခတ်အမွှေးအကြိုင်တွေကို တီထွင်ခဲ့တာပါ။ အခုအထိလည်း   ခနောရဲ့ ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေကလည်း နေ့စဉ် အရသာအသစ်တွေကို သုတေသနပြုလုပ် ဖော်ထုတ်လျက်ရှိပါတယ်။

ဒါကြောင့် ခနောနဲ့ဆိုရင် မိသားစုရဲ့ ထမင်းဝိုင်းလေးက အနံ့အရသာနဲ့ ပြည့်စုံပြီး အာဟာရရှိတဲ့ ပျော်ရွှင်စရာ မိသားစု

ထမင်းဝိုင်းလေး ဖြစ်လာမှာပါ။