ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်က အနံ့ဆိုးထွက်ရင် အရမ်းရှက်ဖို့ကောင်းပါတယ်။ ခန္ဓာကိုယ်အနံ့အသက်ကောင်းဖို့ဆိုတာ အစားအသောက်နဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အနံ့ဆိုးကင်းဝေးပြီး အနံ့အသက်ကောင်းစေမယ့် အစားအစာ (၉) မျိုးကို ယှဉ်တွဲပြောပြပေးလိုက်ပါတယ်။

ရေ

ဘီယာသောက်မယ့်အစား ရေကို ပိုသောက်ပေးတာက အနံ့အသက်ကောင်းစေပါတယ်။

ဒိန်ချဉ်

နွားနို့သောက်မယ့်အစား ဒိန်ချဉ်စားပေးတာ၊ ဒိန်ချဉ်သောက်ပေးတာက ပိုပြီး ခန္ဓာကိုယ်အနံ့အသက် ကောင်းစေပါတယ်။

သံပုရာရည်

ဝိုင်သောက်တာထက် သံပုရာရည်သောက်ပေးတာက ခန္ဓာကိုယ်အနံ့အသက်ပိုကောင်းစေပါတယ်။

Herbal Tea

ကော်ဖီသောက်မယ့်အစား Herbal Tea ကို ပြောင်းသောက်တာက ခန္ဓာကိုယ်အနံ့အသက် ပိုကောင်းစေပါတယ်။

ပန်းသီး

ပန်းဂေါ်ဖီစားမယ့်အစား ပန်းသီးစားတာက ခန္ဓာကိုယ်အနံ့အသက်ကောင်းစေပါတယ်။

လိမ္မော်သီး

ရွှေဖရုံသီးစားတာနဲ့ လိမ္မော်သီးစားတာဆိုရင် လိမ္မော်သီးစားတာက ခန္ဓာကိုယ်အနံ့အသက် ကောင်းစေပါတယ်။

သစ်ကြံပိုးခေါက်အမှုန့် နဲ့ ဖာလာစေ့

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီစားတာက ကိုယ်နံ့ဆိုးစေတယ်လို့ သိရပါတယ်။ သစ်ကြံပိုးခေါက်အမှုန့် နဲ့ ဖာလာစေ့ကတော့ ခန္ဓာကိုယ်အနံ့ဆိုးကင်းဝေးစေပါတယ်။

တရုတ်နံနံအကြီးစား

ကညွန့်စားမယ့်အစား တရုတ်နံနံအကြီးစားကို စားပေးတာက အနံ့အသက်ပိုကောင်းစေပါတယ်။

ငါး

ငါးနဲ့ အသားဆိုရင်တော့ ငါးကိုစားပေးတာက ခန္ဓာကိုယ်အနံ့အသက် ပိုကောင်းစေပါတယ်။

Photo Source: www.brightside.me