လူသားတိုင်းကတော့ အိုမင်းမစွမ်းဖြစ်လာမှာကို မလိုလားကြပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေက သူတို့ရဲ့ ရှိရင်းစွဲအသက်ထက် ပိုပြီး အသက်ကြီးလာမှာကို မလိုလားကြပါဘူး။ ဒါ့ကြောင့်လည်း အလှကုန်ပစ္စည်းအမျိုးမျိုးနဲ့ အလှပြင်ကြ၊ Skincare ပစ္စည်းတွေနဲ့ အသားအရေကို ထိန်းသိမ်းကြနဲ့ အလုပ်ရှုပ်နေကြတာပါ။ ဒါပေမဲ့ သူတို့က အစားအသောက်ရဲ့ အရေးပါမှုကိုတော့ မေ့နေတတ်ကြပါတယ်။

အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ အစွမ်းထက် အစားအစာတချို့ ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ထိုအစားအစာတွေအကြောင်းကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

သံလွင်ဆီ

ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင် ကြော်လှော်တဲ့အခါ၊ အသုပ် သုပ်စားတဲ့အခါ သဘာဝသံလွင်ဆီ စစ်စစ်ကို အသုံးပြုခြင်းက သင့်ကို အမြဲတမ်း ငယ်ရွယ်နုပျိုစေနေမှာပဲဖြစ်ပါတယ်။ သံလွင်ဆီထဲမှာ ပါဝင်တဲ့ အိုမီဂါ သရီးဓာတ်က အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးပြီး Antioxidants ကတော့ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ရေဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ခရမ်းချဉ်သီးက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးက အသားအရေကို တောက်ပစေပြီး အရေးအကြောင်းတွေကိုလည်း ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ ခရမ်းချဉ်သီးအနှစ်ကို စားသုံးခြင်းက နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ရေမုန်ညှင်း

Source: Shutterstock

အသုပ် သုပ်စားမယ်လို့ တွေးမိလိုက်တာနဲ့ ရေမုန်ညှင်းသုပ်လေး သုပ်စားလိုက်ရအောင်။ ဘာ့ကြောင့်လဲဆိုတော့ ရေမုန်ညှင်းထဲမှာ ဗီတာမင် အေ၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B6 ၊ ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ ဗီတာမင် ကေ တို့အပြင် အခြား သတ္တုဓာတ်များနဲ့ Antioxidants များ ကြွယ်ဝစွာ ပါဝင်လို့ပါပဲ။ ထိုကဲ့သို့ ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်များက အသားအရေအတွက် ကောင်းကျိုးအမြောက်အမြား ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

ချောကလက်

ချောကလက် တစ်ခဲ စားသုံးခြင်းက သွေးပေါင်ချိန်ကို လျော့ချပေးနိုင်တယ်ဆိုတာကို သင် ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ချောကလက်စားသုံးခြင်းရဲ့ ကောင်းကျိုးကတော့ ဒီတစ်ခုတည်းတင် မဟုတ်ပါဘူး။ ကိုးကိုးမှုန့်နဲ့ ပြုလုပ်ထားတဲ့ ချောကလက်က ငယ်ရွယ်နုပျိုမှု ရေရှည်တည်တံ့ခိုင်မြဲအောင် ကူညီပေးနိုင်ပါတယ်။ သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဆော်လမွန်ငါး

အိုမီဂါသရီးဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးကို တစ်ပတ်ကို ၅ အောင်စခန့် စားသုံးပေးမယ်ဆိုရင်တော့ အသားအရေလျော့တိလျော့ရဲဖြစ်ခြင်းမှ ကာကွယ်ပေးပါသေးတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုကိုရော သိချင်ပါသေးလား။ ဆော်လမွန်ငါးထဲမှာ ပါဝင်တဲ့ ဗီတာမင် ဒီက အရိုးအဆစ်ကျန်းမာရေးနဲ့ သွားကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါသေးတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ကတော့ အသားအရေထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးရာမှာ နာမည်ကြီးပါတယ်။ ဒိန်ချဉ် မှန်မှန်စားသုံးပေးပါက အသားအရေလေး ကြည်လင်လာပါလိမ့်မယ်။

Grapefruit သီး

အချဉ်ဓာတ်ကြွယ်ဝတဲ့ အသီးတွေကတော့ သင့် အသားအရေအလှအပအတွက် အထွေအထူးပြောနေစရာတောင် မလိုတော့ပါဘူး။ ဗီတာမင် စီဓာတ် ကြွယ်ဝတဲ့ Grapefruit သီးကို စားသုံးပေးမယ်ဆိုရင် အသားအရေကို တင်းရင်းစေမှာပဲဖြစ်ပါတယ်။

သရက်သီး

သရက်သီးတွေ လှိုင်လှိုင်ပေါနေတဲ့ အခုလိုမိုးတွင်းကာလမှာ သရက်သီးကို မှန်မှန်စားသုံးခြင်းက အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

အခုဖော်ပြပေးတဲ့အစားအစာလေးတွေအပြင် ကြက်ဥ၊ ဟင်းနုနွယ်၊ ကြက်ရိုး (သို့) ဝက်ရိုး (သို့) အမဲရိုးပြုတ်ရည်၊ ဘလူးဘယ်ရီသီးများ၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ ပန်းသီး၊ ဒိန်ခဲ စတဲ့အစားအစာလေးတွေကလည်း သင့်ကို အမြဲတမ်း ငယ်ရွယ်နုပျိုနေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: eatthis.com