ဘယ်အရာမဆို အကောင်းအဆိုး ဒွန်တွဲနေတတ်တဲ့ သဘောရှိပြီး အကောင်းချည်း မဟုတ်သလို အဆိုးချည်းလည်း မဖြစ်တတ်ပါဘူး။ ချင့်ချိန် နိုင်စွမ်းကသာ အကောင်းအဆိုးကို ခွဲခြား ပေးသွားတတ်ပါတယ်။ ဘီယာဟာ ယနေ့ခေတ် လူကြီးလူငယ်ကြားမှာ ရေပန်းစားလှတဲ့ အရာတစ်ခုဆို မမှားပါဘူး။ ဘီယာသောက်ခြင်းရဲ့ နောက်ကွယ်မှာရှိနေတဲ့ ကောင်းကျိုးအချို့ကို မျှဝေချင်ပါတယ်။

၁။ ဘီယာဟာ ကျောက်ကပ်ကို ကောင်းမွန်စေမယ့် အရည်တစ်ခုပါ။ လေ့လာတွေ့ရှိချက်တွေ အရ ဘီယာဟာ ကျောက်ကပ်ကို ကောင်းမွန်စေပြီး တစ်နေ့ ဘီယာတစ်လုံး သောက်ခြင်းဟာ ကျောက်ကပ်မှာ ကျောက်တည်မှု ၄၀% လျှော့ကျစေတယ်လို့ ဆိုထားပါတယ်။

၂။ ဘီယာဟာ မကောင်းတဲ့ ကိုလက်စထရောကို ကျစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု ရှိတဲ့အတွက် ကိုယ်ထဲက LDL ကိုလက်စထရောကို လျော့ကျစေပါတယ်။

၃။ ဘီယာဟာ ဗီတာမင် ဘီ ပမာဏကို တိုးပွားစေနိုင်ပါတယ်။ ဗီတာမင်ဘီအုပ်စုဖြစ်တဲ့ b1,b2,b6,b12 တို့ ပါဝင်ပါတယ်။ ပါဝင်မှု အများဆုံးကတော့ B12 ပါ။

၄။ ဘီယာဟာ အရိုးတွေအတွက် ကောင်းမွန်စေပါတယ်။ ဘီယာမှာ ပါတဲ့ ဓာတ်တစ်မျိုးဟာ အရိုးရဲ့ သိပ်သည်းဆကို ပိုပြီး မြင့်မားစေပါတယ်။

၅။ ဘီယာဟာ အိပ်မပျော်တဲ့ ညတွေ အတွက်တော့ အကောင်းဆုံး အဖော်ပါပဲ။ ဒါပေမယ့် ၁-၂ လုံးအပြင် ပိုမသောက်သင့်ပါဘူး။

၆။ ဘီယာသောက်သူတွေဟာ မသောက်သူတွေထက် နှလုံးရှော့ရနိုင်မှု ၄၀-၆၀% နည်းပါးတယ်လို့ ဆိုပါတယ်။

၇။ ဘီယာသောက်ခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ ဘီယာသောက်သူတွေဟာ အယ်လ်ဇိုင်းမား ဖြစ်ပွား
မှုနှုန်း နည်းတယ်လို့ ဆိုပါတယ်။

၈။ ဘီယာဟာ စိတ်ဖိစီးမှုကနေ လွတ်မြောက်နိုင်တယ်လို့ Montreal တက္ကသိုလ်က လေ့လာသူတွေ ပြောထားပါတယ်။

၉။ ဘီယာသောက်သူ အမျိုးသမီးတွေဟာ ပိုနုပျိုစေပြီး ပါဝင်တဲ့ ဗီတာမင်ဟာ အသားအရေကို ချောမွေ့စေနိုင်ပါတယ်။

ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ သဘောတရား အတိုင်း လိုတာထက်ပိုပြီး သောက်သုံးခဲ့မယ်ဆိုရင်တော့ အကောင်းထက် အဆိုးဖက်ကို ဦးတည်နေမယ်ဆိုတာတော့ သတိထားစေလိုပါတယ်။

Source: newremedies.net