အားလုံးပဲမင်္ဂလာပါနော်။ ရှားစောင်းလက်ပပ်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းမွန်တယ်ဆိုတာ စာဖတ်သူတို့အားလုံး သိပြီးသားဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာကို သက်သာစေပြီး ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးတွင်း သကြားဓာတ်ကိုလည်း လျော့ပါးစေပြီး ဆံကေသာနဲ့ အသားအရေကိုလည်း လှပစေပါတယ်။

သတိပြုရန်- ယခု ရှားစောင်းလက်ပပ် လက်ဖက်ရည်ကို ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ မသောက်သင့်ပါဘူး။ ဝမ်းပျော့စေလို့ ဝမ်းလျှောမှာဆိုးလို့ပါနော်။ တကယ်လို့ သောက်မယ်ဆိုရင်လည်း သောက်သင့်မသောက်သင့် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ရေပူ ၁ ခွက်
  • လက်ဖက်အိတ် ၁ ခု
  • ရှားစောင်းလက်ပပ်ဂျယ် လက်ဖက်ရည်ဇွန်း  ၁ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ရေနွေးပူပူထဲကို လက်ဖက်အိတ် စိမ်ပေးလိုက်ပါ။ ၂ မိနစ် ၃ မိနစ်လောက်ထားပြီး လက်ဖက်အိတ်ကို ထုတ်ပေးလိုက်ပါ။

ပြီးရင်တော့ ရှားစောင်းလက်ပက် ဂျယ် ကိုထည့်ပေးပါ။ အဲဒီနောက် ပျားရည် ထည့်လိုက်ပါ။ ပြီးရင်သေချာလေး မွှေပေးလိုက်ပြီး ခွက်ထဲထည့်သောက်လို့ရပါပြီနော်။ တစ်နေ့ကို တစ်ကြိမ်သောက်ပေးခြင်းဖြင့် ပိုပြီးကျန်းမာစေမှာဖြစ်ပါတယ်နော်။

Source: www.fabhow.com