မိန်းကလေးတိုင်းက အမြဲတမ်းငယ်ရွယ်နုပျိုချင်ကြတဲ့သူတွေချည်းပါပဲ။ မျက်နှာပေါ်မှာ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းကဲ့သို့ အိုမင်းရင့်ရော်မှုကိုသိသာစေတဲ့ လက္ခဏာတွေကို ဖျောက်ဖျက်ပစ်ချင်ကြတာပါ။ ဒါပေမဲ့လည်း သူတို့ဆီမှာ မှော်မီးအိမ်လည်း မရှိသလို သူတို့ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးမယ့် မီးခွက်စောင့်ဘီလူးလည်းမရှိပါဘူး။ အဲ့ဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားအားထုတ်မှပဲရပါလိမ့်မယ်။

ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းတဲ့နေရာမှာ ဘာအကူအညီမှမယူဘဲ ကြိုးစားလို့မရပါဘူး။ သဘာဝဆေးဖက်ဝင်အပင်တွေရဲ့ အကူအညီကို မဖြစ်မနေရယူရပါမယ်။ ဘယ်လိုရယူမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပူစီနံရွက်

ပူစီနံရွက် လက်တစ်ဆုပ်စာခန့်၊ ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပူစီနံရွက်ကို ရေနွေးနွေးလေးထဲမှာ စိမ်ထားလိုက်ပါ။ ထို့နောက် အနှစ်လေးများရအောင် ကြိတ်ချေပြီနောက် ဂျုံမှုန့်၊ ပျားရည်တို့နဲ့ ရောနှောလိုက်ပါ။ ရရှိလာတဲ့ ထိုအရောအနှောကို မျက်နှာပေါ်မှာ သုတ်လိမ်းလိုက်ပါ။ ထို့နောက် မိနစ်အနည်းကြာအအေးခံပေးပြီးနောက် ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်ကတော့ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ သစ်ကြမ်းပိုးခေါက်က အသားအရေကိုတင်းရင်းစေပြီး အိုမင်းရင့်ရော်မှုလက္ခဏာများကို တားဆီးပေးနိုင်ပါတယ်။

သစ်ကြမ်းပိုးခေါက်နည်းလမ်းကို အသုံးပြုဖို့အတွက်ဆိုရင် သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်း နှစ်မျိုးစလုံးကိုသမအောင်ရောမွှေပြီးတဲ့နောက်မှာ မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကြာမှာ ကြက်သီနွေးရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

ဂျင်း

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်လောက်ကတည်းက ဂျင်းကို ဆေးဖက်ဝင်အစားအစာအဖြစ် အသုံးပြုလာခဲ့ကြတာပါ။ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါတယ်။ ထိုပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ အသာအယာလေး ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။ ပြီးမှ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

Source: stylecraze.com