အသားအရေခြောက်သွေ့တယ်ဆိုတာက ကျန်းမာရေးအတွက်ထိခိုက်မှုတွေတော့ မရှိနိုင်ဘူးဆိုပေမယ့်လည်း အလှအပအတွက်ဆိုရင်တော့ မကောင်းတဲ့အချက်လို့ဆိုရမှာပေါ့။ အသားအရေတွေခြောက်သွေ့နေတာကို ဖြေရှင်းဖို့အတွက်ဆိုရင် အစားစာတွေကိုလည်း အားကိုးကြည့်လို့ရတယ်နော်။

ဘယ်လိုအစားစာမျိုးတွေက ကူညီပေးနိုင်မှာလဲ။

ရေများများသောက်ဖို့

ရေများများသောက်ဖို့လိုအပ်ရတဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေမှ ကိုယ်တွင်းမှာရှိနေတဲ့အဆိပ်အတောက်တွေကို ပြေလျော့စေတာကြောင့် အသားအရေကိုလည်းစိုပြေလာစေဖို့ ကူညီပေးနိုင်တယ်လေ။ အသားအရေစိုပြေလာစေချင်တယ်ဆိုရင်တော့ ရေကိုတစ်နေ့ ၈ ခွက်ပုံမှန်သောက်သွားပေးရင် သိသာလာမှာပါ။

ထောပတ်သီးစားပေးသင့်

ထောပတ်သီးမှာလည်း အသားအရေအတွက် အဓိကလိုအပ်နေတဲ့အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင်ဓာတ်တွေကများစွာပါဝင်နေတာဆိုတော့ အသားအရေကို ရေဓာတ်ပြန်လည်ပြည့်ဝလာစေပြီး ပျက်စီးနေတဲ့အသားအရေတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်နော်။

ငှက်ပျောသီး

ငှက်ပျောသီးမှာပါဝင်နေတဲ့ ဗီတာမင်ဓာတ်တွေနဲ့ တစ်ခြားခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေများစွာပါဝင်နေတဲ့အတွက်ကြောင့် အသားအရေမှာဖြစ်တတ်တဲ့ အရေးအကြောင်းဖြစ်တာတွေ၊ ရေဓာတ်မပြည့်ဝတာကြောင့် ခြောက်သွေ့သွားတဲ့အသားအရေတွေကို ပြန်လည်စိုပြေစေတာကြောင့် နေ့တိုင်းစားပေးမယ်ဆိုရင် အသားအရေအတွက်လည်း ကောင်းမွန်ပြီး ခန္ဓာကိုယ်အတွက်လည်း အားတွေပြည့်ဝစေပါတယ်။

နောက်ထပ်များစွာသော အစားအစာတွေကလည်း ခြောက်သွေ့တဲ့အသားအရေကို ဖြေရှင်းပေးနိုင်ပါသေးတယ်နော်။ အဲဒီထဲကမှ ထိရောက်မှုရှိပြီး နေ့တိုင်းလုပ်ပေးဖို့အဆင်ပြေပြီး အသားအရေအတွက်ထိရောက်မှုပိုမြန်မယ့် အရာတွေကိုဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။

Photo Source: Stylecraze