စိတ်ညစ်စရာတွေဆိုတာ တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့လာနိုင်တဲ့လောကကြီးမှာ နေထိုင်နေသရွေ့တော့ စိတ်ညစ်စရာတွေကဘယ်တော့မှ ကုန်သွားမှာတော့မဟုတ်ပါဘူး။ ဖြေရှင်းလို့ရမယ့်နည်းလမ်းကိုရှာပြီး စိတ်ကိုတည်ငြိမ်အောင် အကောင်းဆုံးကြိုးစားဖို့ပဲလိုပါတယ်။ ဒီတော့စိတ်ညစ်လာပြီဆိုရင် အရေးကြီးတာကအစားစားပေးဖို့ပါ။ စားပေးတဲ့အခါမှာလည်း ရွေးချယ်လိုက်တဲ့အစားစာက စိတ်ကြည်လင်အောင်ပံ့ပိုးပေးနိုင်တဲ့ အစားအစာဖြစ်နေဖို့လိုပါတယ်။

ရေနွေးကြမ်း

လေ့လာမှုတွေအရဆိုရင် ရေနွေးကြမ်းကိုသောက်ပေးတဲ့အခါမှာ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာတွေရှိနေတဲ့အချိန်တွေမှာ သောက်ပေးမယ်ဆိုရင် ပြန်လည်တည်ငြိမ်လာစေမှာပါ။ ရေနွေးကြမ်းကို နေ့တိုင်းပုံမှန်သောက်ပေးတဲ့နေ့တွေနဲ့ မသောက်ပေးတဲ့နေ့တွေမှာ မသောက်ပေးတဲ့နေ့တွေက ပိုပြီးတော့စိတ်ရှုပ်စရာတွေကို ပိုပြီးတော့ခံစားရတတ်တာကို တွေ့ရမှာပါ။

နွားနို့

နွားနို့ကိုသောက်ပေးတဲ့အခါမှာ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့အတွက် အထောက်အပံ့တွေ အများကြီးရရှိနိုင်ပါတယ်။ နွားနို့မှာပါဝင်နေတဲ့ အာဟာရဓာတ်တွေက သင့်ခန္ဓာကိုယ်မှာဖြစ်နေတဲ့စိတ်ဖိစီးမှုတွေကို ပြေလျော့အောင်လုပ်ပေးနိုင်တာကြောင့် တစ်ခုခုစိတ်ညစ်လာရပြီ စိတ်ရှုပ်လာရပြီဆိုရင် နွားနို့ပူပူလေးတစ်ခွက်က သင့်ကိုကူညီပေးနိုင်မှာပါ။

ထောပတ်သီး

ထောပတ်သီးမှာ မရေမတွက်နိုင်လောက်အောင် ကောင်းမွန်နေတဲ့အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ကိုလည်း ကြည်လင်စေမှာပဲ ဖြစ်ပါတယ်။ ထောပတ်သီးကစားလိုက်တဲ့အချိန်မှာ သင့်ခန္ဓာကိုယ်တွင်းမှာမြင့်တက်နေတဲ့ သွေးဖိအားတွေကိုလျော့နည်းသွားစေပြီး ခံစားနေရတဲ့စိတ်ရှုပ်စရာတွေကို လျော့နည်းစေတာပဲဖြစ်ပါတယ်။

Photo Source: Unsplash