ဆံပင်ကျွတ်တယ်ဆိုတာ တော်တော်လေးကိုစိတ်ညစ်စရာကောင်းတဲ့ ကိစ္စလို့ဆိုလို့ရပါတယ်။ ခေါင်းလျှော်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ခေါင်းဖီးနေတဲ့အချိန်တွေမှာ ဆံပင်တွေကျွတ်လွန်းတာကြောင့် ဖြေရှင်းဖို့အတွက်နည်းလမ်းတော့လိုတာပေါ့။ ဆံသားတွေကိုကောင်းမွန်စေဖို့ လိုအပ်တဲ့အာဟာရဓာတ်တွေကို အစားစာတွေကနေရရှိအောင် လုပ်ဖို့အတွက် ဒါတွေကိုစားပေးဖို့လိုပါပြီနော်။

ကြက်ဥ

ဆံပင်အတွက်လိုအပ်တဲ့ အာဟာရတွေအတွက် ပရိုတင်းဓာတ်ကလိုအပ်တာကြောင့် ပရိုတင်းဓာတ်ပါတာတွေကို များများစားပေးဖို့လိုပါတယ်။ ကြက်ဥကိုတစ်နေ့တစ်လုံး ပုံမှန်စားပေးမယ်ဆိုရင် ဆံသားအတွက်လည်းကောင်းမွန်လာစေမှာပါ။

အမဲသား

အမဲသားမှာလည်း ဆံသားအတွက် ကောင်းမွန်စေတဲ့ ပရိုတင်းဓာတ်တွေကို အမဲသားမှာအများအပြားရရှိနိုင်တာကြောင့် တစ်ပတ်ကိုတစ်ခါလောက် ပုံမှန်စားပေးမယ်ဆိုရင် ဆံသားအတွက်လည်းကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးကနေ့တိုင်းစားပေးဖို့ လိုအပ်တဲ့အစားစာမျိုးလို့ ဆိုလို့ရပါတယ်။ ဆံပင်တွေကျွတ်နေပြီဆိုရင်တော့ ပရိုတင်းဓာတ်တွေပြည့်ဝစွာပါနေတဲ့ ပဲတွေကိုများများစားပေးလို့ရပါတယ်။

မုန်လာဥနီ

မုန်လာဥနီကအသားအရေကို လှပစေဖို့ကူညီပေးနိုင်ရုံသာမကပဲ ဆံသားအတွက်လည်းအများကြီးအထောက်အပံ့ပေးနိုင်တာကြောင့် ဖျော်ရည်လိုပဲဖြစ်ဖြစ် နေ့တိုင်းသောက်ပေးလို့ရပါတယ်။

ဆံပင်တွေခဏခဏ ကျွတ်နေပြီဆိုရင်တော့ ဒီလိုနည်းလမ်းလေးတွေလုပ်ပြီး ဆံပင်ကိုထိန်းသိမ်းပေးမယ်ဆိုရင်တော့ အချိန်ခဏလေးအတွင်း ပျောက်ကင်းသွားစေမှာပါ။