(Zawgyi)
ကြက်ဥ
ကြက်ရင်ဖုံ
နွားနို့
Almond
Photo Source: Unsplash
(Unicode)
အခုနောက်ပိုင်းက အကိတ်ခေတ်ဆိုတော့ ပိန်ပိန်ပါးပါးတွေကို ဘယ်သူမှမကြိုက်ကြပါဘူး။ ဖက်ရှင်အရလည်း ယောကျ်ားလေးရော၊ မိန်းကလေးရော ခန္ဓာကိုယ်လှပနေဖို့ကအရေးကြီးတာကြောင့် Gym တွေသွားဆော့ပြီး ဖွံ့ဖြိုးအောင်လုပ်လာကြပြီပေါ့။ ဒီကြောင့် ကြီးထွားတဲ့ခန္ဓာကိုရရှိဖို့ Gym ဆော့နေရင်းနဲ့ ပိုပြီးထိရောက်မှုရှိချင်တယ်ဆိုရင် စားပေးသင့်တဲ့အစားစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကြက်ဥ
Gym ဆော့နေတဲ့သူတွေအတွက် မဖြစ်မနေစားပေးသင့်တဲ့အစားစာပဲဖြစ်ပါတယ်။ ကြက်ဥမှာပရိုတင်းဓာတ်တွေ များစွာပါဝင်နေတာကြောင့် ကြွက်သားတွေကြီးထွားစေဖို့အတွက် အကောင်းဆုံးပဲပေါ့။ တစ်နေ့ကို နှစ်လုံးပုံမှန်စားပေးသွားမယ်ဆိုရင် ခန္ဓာကိုယ်ကိုဖွံဖြိုးလာစေမှာပဲဖြစ်ပါတယ်။
ကြက်ရင်ဖုံ
ကြွက်သားတွေကို ကြီးထွားစေဖိုကူညီပေးနိုင်တဲ့ နောက်ထပ်အစားစာကတော့ ကြက်ရင်ဖုံပဲဖြစ်ပါတယ်နော်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ ကြွက်သားပျက်စီးတာတွေကို ဒါစားပေးရင်းနဲ့ ကာကွယ်ကုသလို့လည်းရပါတယ်နော်။
နွားနို့
Gym ကစားတဲ့သူတွေအတွက် မရှိမဖြစ်ထဲမှာပါဝင်နေတဲ့ အရာလို့လည်းဆိုလို့ရပါတယ်။ ပရိုတင်းဓာတ်နဲ့အာဟာရဓာတ်တွေ များစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်အတွက်အထောက်အကူပြုလွန်းတဲ့ အရာပါပဲ။ တစ်နေ့ကို နှစ်ခွက်သောက်ပေးမယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်ပါတယ်နော်။
Almond
Almond ကလည်းအဆီဓာတ်တွေပြည့်ဝနေပြီး ခန္ဓာကိုယ်ကိုကောင်းကောင်းဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်စေပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ပုံမှန်စားပေးမယ်ဆိုရင် အရိုးဆစ်တွေကိုသန်မာစေပြီး ခန္ဓာကိုယ်ကိုလည်းကြီးထွားဖွံဖြိုးစေမှာပဲဖြစ်ပါတယ်။
Photo Source: Unsplash