လူတစ်ယောက်မှာတစ်ကိုယ်ရည်သန့်ရှင်းမှုဆိုတာက အရေးကြီးလွန်းတဲ့အရာပါ။ လူတွေအများကြီးနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အချိန်မှာ ကိုယ့်ခန္ဓာကိုယ် ကနေ အနံ့ဆိုးတွေထွက်နေမယ်ဆိုရင် ရှက်စရာကောင်းတဲ့အချိန်လို့ဆိုလို့ရပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးလည်း ပုံမှန်လုပ်နေပါရက်နဲ့ ဒီလိုမျိုးအခြေအနေတွေကို ကြုံတွေ့နေရပြီဆိုရင်တော့ လုပ်သင့်တာတွေကို ပြင်ဆင်ပြီးနေထိုင်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။

ရှောက်သီး

ရှောက်သီးရဲ့ပင်ကိုယ်အနံ့ကိုယ်က သင်းသင်းလေးဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ မကောင်းတဲ့အနံ့သက်တွေကိုလည်း ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ မကောင်းတဲ့အနံ့တွေကို အဆင်ပြေအောင်လုပ်ပေးဖို့အတွက်ဆိုရင် မနက်ပိုင်းမှာနိုးလာတဲ့နဲ့ သောက်မယ့်ရေထဲကို ရှောက်သီးအရည်အနည်းငယ်ညစ်ပြီးသောက်ပေးလိုက်ရုံပါပဲ။

ဒီလိုမျိုးသောက်ပြီးသွားရင်လည်း ရှောက်သီးအစိတ်လေးတွေနဲ့ ချိုင်းကြားနဲ့ ချွေးနံ့ထွက်နိုင်တဲ့နေရာတွေကို ပွတ်လိမ်းထားလိုက်ပြီးမှ ရေချိုးမယ်ဆိုရင်လည်း ခန္ဓာကိုယ်အနံ့ဆိုးတွေကို သက်သာစေမှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကလည်း အနံ့ဆိုးတွေကို မဖြစ်စေအောင်ထိန်းထားပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးက ခန္ဓာကိုယ်ကိုချွေးထွက်တာမျိုးတွေမဖြစ်အောင် ကူညီပေးနိုင်တာကြောင့် အနံ့ဆိုးထွက်တာတွေကိုလည်း လျော့နည်းစေမှာပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးပြီး ရေချိုးခါနီးအချိန်တွေမှာ ခရမ်းချဉ်သီးနဲ့ချွေးထွက်တတ်တဲ့နေရာတွေကို ပွတ်လိမ်းထားပေးပြီး ၁၀ မိနစ်လောက်ကြာပြီးမှ ရေချိုးပေးမယ်ဆိုရင် အနံ့သက်တွေကိုသက်သာလာစေမှာပဲဖြစ်ပါတယ်။

ရေနွေးကြမ်း

ရေနွေးကြမ်းကလည်း ခန္ဓာကိုယ်မှာရှိနေတဲ့ အဆိပ်အတောက်တွေကို ပြေစေနိုင်တာကြောင့် နေ့တိုင်းသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ မကောင်းတဲ့အရာတွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။ မနက်မိုးလင်းထဲကနေ ညဘက်အချိန်တွေထိ ရေနွေးကြမ်းထဲကို ပျားရည်ရောထည့်ပြီး ၃ ခွက်လောက်သောက်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ခန္ဓာကိုယ်မှာဖြစ်နေတဲ့ အနံ့ဆိုးတွေကိုလျော့နည်းစေမှာပဲဖြစ်ပါတယ်နော်။

Photo Source: Unsplash