အစားအသောက်သည်လည်းပဲ နည်းပညာနဲ့တွေ့သွားတဲ့အခါမှာတော့ ထူးခြားအံ့သြဖွယ်ရာတွေအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဘယ်လိုမှယုံနိုင်စရာမရှိလောက်အောင် တီထွင်ဖန်တီးနိုင်စွမ်းကောင်းလှတဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဂျီသြမေတြီ မုန့်ချိုများ

Dinara Kasko မှ ဒီဇိုင်းတီထွင်ထားတဲ့ ကိတ်မုန့်အစစ်အမှန်တွေပါ။ ဗိသုကာပညာနဲ့ ဘွဲ့ရထားပေမယ့်လည်း မုန့်ဖုတ်တဲ့နေရာမှာ ၀ါသနာအစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပညာရေးနှင့် ပါရမီတွေ့သွားတဲ့အခါမှာတော့ ဒီလိုမျိုး လက်ရာကောင်းတွေ ထွက်လာပါတော့တယ်။

ရေခဲမုန့်ခေါက်ဆွဲ

ဟင်းရည်အစား ဒီဂျယ်လီခေါက်ဆွဲတွေက ကြိတ်ထားတဲ့ရေခဲနဲ့ ပျစ်အောင်ကျိုထားတဲ့ နို့တို့စမ်းထားတဲ့ အပေါ်မှာ တင်ထားလို့ ပုံစံအဆန်းနဲ့ ရင်အေးသွားစေမယ့် အချိုပွဲလေးပါ။

ပန်းရောင် ချောကလက်

မည်သည့် ဘယ်ရီသီး၊ အရသာ၊ အရောင်တွေ မပေါင်းစပ်ထားဘဲ Ruby cocoa အစေ့တွေနဲ့လုပ်ထားတဲ့ ဒီချောကလက်ဟာဆိုရင် ခါးလည်းမခါး ချိုလည်းမချိုဘဲ အရသာတစ်မျိုးလေးကို ပေးစွမ်းနိုင်ပါတယ်။

ကွင်းနဲ့ အုန်းသီး

ဒီလိုမျိုး အံ့သြစရာကောင်းတဲ့ဖန်တီးဥာဏ်တွေကြောင့် ယခုဆိုရင် အုန်းသီးတွေကို ကိုလာဘူးလိုပဲ အလွယ်တကူဖွင့်နိုင်ပါပြီ။

သာမန်မဟုတ်တဲ့ ဘာဂါ

Willy Wonka ရုပ်ရှင်ဇာတ်လမ်းတွဲမှ စိတ်ကူးစိတ်သန်းတွေရရှိလာကာ သြစတြေးလျဘားတစ်ခုမှ ဖန်တီးထားတဲ့ ဘာဂါဖြစ်ပြီး Mutant ဘာဂါများလို့ အမည်တွင်ပါတယ်။

ဝိုင်ပြာ

ဖန်စီဆန်တဲ့အသွင်ဆိုပေမယ့်လည်း အရသာကတော့ ၀ိုင်အရသာပါပဲ။ စပျစ်သီး အစိမ်းနှင့် အနီတို့အပြင် ဆိုးဆေးနှစ်မျိုးကိုပါ ထည့်သွင်းဖန်တီးထားတဲ့ ၀ိုင်တစ်မျိုးပါ။

ကော်ဖီအကြည်

ရေအတိုင်း အသွင်တူတဲ့ ကော်ဖီဖြစ်ပါတယ်။ Arabica ကော်ဖီစေ့များကို အသုံးပြုပြီး ပြုလုပ်ထားကာ သွား သို့မဟုတ် အ၀တ်အစားများကို လုံးဝမစွန်းစေပါဘူး။

မိုးစက်ကိတ်

ဂျပန်နိုင်ငံမှ ဖန်တီးပြုလုပ်ထားတဲ့ မိုးစက်ပေါက်အကြီးနဲ့ သဏ္ဍာန်တူသည့် ကိတ်မုန့်အချို့ပွဲများဖြစ်ပါတယ်။ အရသာတော့ သိပ်ပြီးမရှိလှပေမယ့်လည်း ကြည့်ရတာတော့ ထိရက်စရာကို မရှိပါဘူး။

3D ဒီဇိုင်း သကြားလုံးများ

ချောကလက်၊ နို့၊ စတော်ဘယ်ရီ သို့မဟုတ် အခြားအခြားသော အသီးအရသာအစုံအလင်တွေမှ ကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ်ကာ ခလုပ်နှိပ်ပြီး ပရင့်ထုတ်လိုက်ရုံပါပဲ။ ယုံနိုင်စရာမရှိလောက်အောင် ဆန်းသစ်တဲ့ သကြားလုံးလေးတွေကို မြင်တွေ့ရမှာပါ။