အစိမ်းရောင်ရင့်ရင့်နဲ့ ပန်းဂေါ်ဖီစိမ်းသည် အာဟာရဓာတ်များအလွန်ကြွယ်ဝပြီး အစာချေဖျက်ခြင်း၊ နှလုံးနှင့်သွေးကြောများစနစ်၊ ကိုယ်ခံအားစနစ်နှင့် ကင်ဆာကာကွယ်နိုင်တဲ့ ဓာတ်သတ္တိတို့ အမြောက်အမြားပါဝင်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်းသည် ဆိုဒီယမ်နှင့်ကယ်လိုရီတို့ပါဝင်မှု အထူးနည်းပါးပြီး အဆီလုံးဝမပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။

ဒါကြောင့် ပန်းဂေါ်ဖီစိမ်းလိုမျိုး အာဟာရဓာတ်အထူးကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ကနေပြီး ဘယ်လိုကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်သလဲသိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ဆီးချိုနှင့် အထီးကျန်စိတ်ကျန်ဝေဒနာ

အဆင့် (၂) ဆီးချိုရောဂါရှင်များနှင့် ကိုယ်ခန္ဓာအတန်ငယ်ပြည့်ဖြိုးသူတွေအတွက် ပန်းဂေါ်ဖီစိမ်းကို စားသုံးဖို့ ဆရာတွေတိုက်တွန်းလေ့ရှိပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်းတွင်ပါဝင်သည့် sulforaphane သည် အခြားသူများနှင့်ဆက်ဆံပြောဆိုခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းများတွင်လည်း တိုးတက်မှုရှိလာစေပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း

ပန်းဂေါ်ဖီစိမ်းသည် အစာအိမ်နှင့်ကလီစာဆိုင်ရာ ကင်ဆာရောဂါများဖြစ်ပွားလာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းတွင် ပါဝင်တဲ့ Sulforaphane နှင့် Indole-3-carbinol တို့သည် အဆိပ်အတောက်ဖယ်ရှားပေးတဲ့ အန်ဇိုင်းများကို ဖြစ်ပေါ်စေပြီး estrogen ပမာဏအပေါ်လည်းသက်ရောက်စေတာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

ကိုလက်စထရောလျော့ချပေးခြင်း

Cholesterol

ပန်းဂေါ်ဖီစိမ်းတွင်ပါဝင်သော ပျော်ဝင်နိုင်သည့်ဖိုက်ဘာသည် သွေးအတွင်းရှိ ကိုလက်စထရောနှင့် ပေါင်းစပ်သွားတာကြောင့် ကိုလက်စထရောလျော့ချရန်ကူညီပေးပါတယ်။ ထိုပေါင်းစပ်မှုသည် ကိုလက်စထရောတွေကို စွန့်ပစ်ဖို့လွယ်ကူစေပြီး ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို လျော့ပါးစေပါတယ်။

အဆိပ်အတောက်ဖယ်ရှားပေးခြင်းပန်းဂေါ်ဖီရှိ Phytocheimcals glucoraphanin, gluconasturtiin နှင့် glucobrassicin တို့သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်ဖြယ်သည့်ဖြစ်စဉ်အားလုံးကို ကူညီပေးပါတယ်။

နှလုံးကျန်းမာရေး

ကိုလက်စထရောကိုလျော့ချရန်အတွက် ပန်းဂေါ်ဖီစိမ်းသည် သွေးကြောများကိုသန်မာစေရန်ကူညီပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

မျက်လုံးကျန်းမာရေး

မုန်လာဥနီများနည်းတူပင် ပန်းဂေါ်ဖီစိမ်းများသည် lutein ပါဝင်တာကြောင့် မျက်လုံးအားကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် နောက်ထပ် antioxidant တစ်မျိုးဖြစ်တဲ့ zeaxanthin သည်လည်း အမြင်အာရုံေ၀ဝါးခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်း စတဲ့မျက်စိဆိုင်ရာပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေဖျက်ပေးခြင်း

ပန်းဂေါ်ဖီစိမ်းတွင်ပါဝင်သည့် ဖိုက်ဘာသည် အူအတွင်းရှိကျန်းမာရေးနှင့်ညီညွတ်သော ဘတ်တီးရီးယားပမာဏကို ထိန်းသိမ်းပေးကာ အစာအိမ်ကိုလည်း ကျန်းမာနေစေအောင် ကူညီပေးခြင်းဖြင့် အစာခြေဖျက်မှုကို အထောက်အပံ့ဖြစ်စေပါတယ်။