ဖလာစေ့ ဆိုသည်မှာ ဟင်းခတ် အမွှေးအကြိုင်တစ်မျိုး ဖြစ်ပြီး ဖလာပင်ကနေ ရရှိတဲ့ အစားအစာပါ။ ဖလာပင်ဟာ ချင်းပင်မျိုးနွယ်ဖြစ်ပြီး အမြစ်ပွားလွယ်တဲ့ အပင်မျိုးပါ။ အရွက်တွေက ချင်းရွက်တွေလိုပဲ ရှည်လျားည့ီး အဖျားချွန်ပါတယ်။

ဖလာပင်မှာ အပွင့် ပွင့်ပြီး အသီးတောင့်ကလေးတွေမှာ အကန့်သုံးကန့် ပါပါတယ်။ အကန့်ထဲမှာ စူးရှမွှေးကြိုင်တဲ့ အစေ့ကလေးတွေ များစွာ ပါရှိပါတယ်။ ဖလာပင်ကို အရှေ့အိန္ဒိယကျွန်းစုမှာ မူလ ပေါက်ရောက်ပြီး အိန္ဒိယနဲ့ သီဟိုဠ်ကျွန်းစုတွေမှာ အဓိက စိုက်ပျိုးကြပါတယ်။

Cardamom_plant

ဖလာပင်ရဲ့ အသီးကနေ ရတဲ့ ဖလာစေ့ဟာ စူးရှပြီး မွှေးကြိုင်တဲ့ အနံ့ရှိပါတယ်။ အရသာကတော့ ပူရှိန်းရှိန်း အရသာပါ။ ဖလာစေ့ကို ဥရောပမြောက်ပိုင်း နိုင်ငံတွေမှာတော့ မုန့်လုပ်ရာမှာ သုံးပါတယ်။ အရှေ့နိုင်ငံတွေမှာတော့ ဟင်းခတ်အဖြစ် အသုံးပြုကြပါတယ်။ ဆွီဒင်နိုင်ငံဟာ ဖလာစေ့ အသုံးအများဆုံး နိုင်ငံဖြစ်ပြီး အိန္ဒိယကတော့ ဖလာစေ့ အထွက်အများဆုံး နိုင်ငံဖြစ်ပါတယ်။

Cardamom

ဖလာစေ့ဟာ ဆေးဖက်လည်း ဝင်ပါတယ်။ အစာမကြေရောဂါ၊ အော့အန်တတ်တဲ့ ရောဂါ၊ သရက်ရွက်ကြီးတဲ့ ရောဂါ၊ ယားယံတဲ့ ရောဂါတွေ ဖြစ်တဲ့အခါ အသုံးပြုလို့ ရပါတယ်။ အစေ့မှာ ထုတ်ထားတဲ့ အဆီကိုလည်း ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဖလာစေ့ကို ကွမ်းယာထဲ ထည့်စားတတ်ကြသလို အသားဟင်းတွေ ချက်ရာမှာလည်း ထည့်ပြီး ချက်စားကြပါတယ်။ အနံ့မွှေးကြိုင်တဲ့ အတွက် ခံတွင်းကိုလည်း
မွှေးစေပါတယ်။

Credit: Swan Sone
Photo: a2zlifestyle