အားလုံးပဲမင်္ဂလာပါနော်။ နေမကောင်းတဲ့အခါပဲဖြစ်ဖြစ်၊ အားမရှိတဲ့အခါပဲဖြစ်ဖြစ် ကြက်သားစွပ်ပြုတ်ကို ချက်စားကြပါတယ်။ ဒါ့ကြောင့် မိမိချစ်သူခင်သူတွေနေမကောင်းဖြစ်ရင်ဖြစ်ဖြစ်၊ အားမရှိရင်ဖြစ်ဖြစ် ချက်ပြုတ်ကျွေးမွေးဖို့အတွက် ကြက်စွပ်ပြုတ်ချက်ပြုတ်နည်းကို သိရှိထားဖို့လိုအပ်ပါတယ်။

အားလည်းရှိပြီး အရသာလည်းရှိတဲ့ ကြက်သားစွပ်ပြုတ်လုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက် တစ်ကောင်လုံး (ကလီစာတွေထုတ်ထားပါ။
  • ကြက်သွန်ဖြူ ၁၀ မွှာမှ ၁၂ မွှာ
  • ဂျင်း အသေးတစ်ခု
  • ကြက်သွန်နီ တစ်ခြမ်း

Source: The Kitchn

  • ကြက်သွန်မြိတ် အမြစ်ပိုင်းကိုယူပါ
  • ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ ၁၀ ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို အတူတကွထည့်လိုက်ပါ။ ရေကိုတော့ ကြက်သားဖုံးတဲ့အထိပဲထည့်လိုက်ပါ။

မီးပြင်းပြင်းနဲ့ ပွက်ပွက်ဆူအောင်တည်လိုက်ပါ။ ဆူလာရင် အပူချိန်လျှော့ပြီး အဖုံးလေးအုပ်ထားပေးကာ မီးကို အနေတော်ထားလိုက်ပါ။

ကြက်သားအရွယ်အစားပေါ်မူတည်ပြီး မိနစ် ၄၀ ၊ ၅၀ ခန့်ပြုတ်ရပါမယ်။

ရေခမ်းရင် ရေထပ်ထည့်ပါ။

ပြီးရင်တော့ အရည်ကို တစ်ဝက်လောက်ခမ်းအောင်တည်လိုက်ပြီး ကြက်သားကို အတုံးလေးတွေ တုံးလိုက်ပါ။

ပြီးရင်တော့ မိနစ် ၃၀လောက် ထပ်ပြုတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar