[Unicode]

ကမ္ဘာပေါ်မှာ အရေးအပါဆုံး ကောက်ပင်တစ်မျိုးမှာ ပြောင်းပင်ပဲ ဖြစ်ပါတယ်။ စပါးပြီးရင် ပြောင်းပင်ဟာ အဓိကကျတဲ့ ကောက်ပင်အဖြစ် တန်းတူရှိနေပါတယ်။ ဒါကြောင့်ပဲ ပြောင်းပင်ကို ကမ္ဘာအရပ်ရပ်မှာ စိုက်ပျိုးကြပါတယ်။

ပြောင်းပင်ရဲ့ မူလပင်ရင်းဒေသကတော့ အမေရိကတိုက်ဖြစ်ပြီး ၁၅ရာစုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ခဲ့ပါတယ်။

ပြောင်းပင်ဟာ တစ်နှစ်တစ်ခါ စိုက်ပျိုးရတဲ့ ကောက်ပဲသီးနှံမျိုး ဖြစ်ပြီး တောင့်တင်း ကြံ့ခိုင်တဲ့ မြက်တစ်မျိုးလည်း ဖြစ်ပါတယ်။

အခြားကောက်ပင်များနည်းတူ အစေ့ကို ပျိုးပြီး စိုက်ပျိုးရပါတယ်။ ဖူးစားပြောင်း တစ်ပင်တည်းမှာ အဖိုပွင့် အမပွင့်ဆိုပြီး နှစ်မျိုးနှစ်စား ပါရှိပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အထွက်ကောင်းအောင် မျိုးစပ်စိုက်ပျိုးခြင်းတွေလည်း ပြုလုပ်ကြပါတယ်။

corn plant

ဖူးစားပြောင်း အထွက်အများဆုံး နိုင်ငံကတော့ အမေရိကန် ဖြစ်ပြီး တောင်အမေရိကနဲ့ အာဂျင်တီးနားတို့က ဒုတိယ လိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မိုးပါးရေရှားတဲ့ ဒေသတွေမှာ ပြောင်းဆန်ကို စားသုံးနေကြပါသေးတယ်။ ပြောင်းဆန်ကို နိုင်ငံခြား ပို့ကုန်အနေနဲ့လည်း ရောင်းချပါသေးတယ်။ မြန်မာနိုင်ငံမှာ ဖူးစားပြောင်းကို အမျိုးအစား ခွဲခြား ထားပါသေးတယ်။ တစ်မျိုးမှာ ဖက်ပြောင်းဖြစ်ပြီး အခြားတစ်မျိုးမှာ စားပြောင်း ဖြစ်ပါတယ်။
ပြောင်းဖူးဖက်လိပ်တဲ့ ဖက်တွေကို ဖက်ပြောင်းကနေ ရပါတယ်။ ယောဖက်လို့လည်း ခေါ်ပါတယ်။

ဖက်ပြောင်းကနေ ရတဲ့ ပြောင်းဆန်ကို ပေါက်ပေါက်ဖောက်ရာမှာ အသုံးပြုသလို ပေါက်ပေါက်ဆုပ် လုပ်ရာမှာလည်း အသုံးပြုပါတယ်။ စားပြောင်းကတော့ ပြုတ်စား၊ ဖုတ်စား၊ ကြော်စား စားသုံး ကြပါတယ်။ မြန်မာတွေ နှစ်သက်တဲ့ အစားအစာတစ်မျိုးပါ။

corn_cook

ပြောင်းဖူးမှာ အာဟာရဓာတ် များစွာပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်ပြီး ဗီတာမင် B5 ၊ ဖောလိပ်၊ ဗီတာမင် စီတို့ အကျိုးညီစွာ ပါဝင်ပါတယ်။  နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်ကို အားကောင်းစေပါတယ်။

အမြင်အာရုံ ကောင်းမွန်ဖို့ ကူညီပေးပါတယ်။ သွေးတွင်းက ကိုလက်စထရောတွေကို ကျစေပါတယ်။

ပြောင်းဖူးဟာ အခြား ဟင်းသီးဟင်းရွက်တွေထက် အာဟာရဓာတ် ပိုမို ပါဝင်ပါတယ်။ ပြောင်းဖူးကို ဆီတွေ သကြားတွေနဲ့ ချက်စားတာထက် စာရင်  ပြုတ်စားတာက ပိုပြီး အကျိုးရှိစေပါတယ်။

Credit: Good Health, Wiki

[Zawgyi]

ကမာၻေပၚမွာ အေရးအပါဆံုး ေကာက္ပင္တစ္မ်ိဳးမွာ ေျပာင္းပင္ပဲ ျဖစ္ပါတယ္။ စပါးၿပီးရင္ ေျပာင္းပင္ဟာ အဓိကက်တဲ့ ေကာက္ပင္အျဖစ္ တန္းတူရွိေနပါတယ္။ ဒါေၾကာင့္ပဲ ေျပာင္းပင္ကို ကမာၻအရပ္ရပ္မွာ စိုက္ပ်ိဳးၾကပါတယ္။

ေျပာင္းပင္ရဲ႕ မူလပင္ရင္းေဒသကေတာ့ အေမရိကတိုက္ျဖစ္ၿပီး ၁၅ရာစုႏွစ္မွာ ရွာေဖြေတြ႔ရွိခဲ့ၿပီး ကမာၻအရပ္ရပ္ကို ပ်ံ႔ႏွံ႔ခဲ့ပါတယ္။

ေျပာင္းပင္ဟာ တစ္ႏွစ္တစ္ခါ စိုက္ပ်ိဳးရတဲ့ ေကာက္ပဲသီးႏွံမ်ိဳး ျဖစ္ၿပီး ေတာင့္တင္း ႀကံ့ခိုင္တဲ့ ျမက္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

အျခားေကာက္ပင္မ်ားနည္းတူ အေစ့ကို ပ်ိဳးၿပီး စိုက္ပ်ိဳးရပါတယ္။ ဖူးစားေျပာင္း တစ္ပင္တည္းမွာ အဖိုပြင့္ အမပြင့္ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ပါရွိပါတယ္။ အေနာက္ႏုိင္ငံေတြမွာေတာ့ အထြက္ေကာင္းေအာင္ မ်ိဳးစပ္စိုက္ပ်ိဳးျခင္းေတြလည္း ျပဳလုပ္ၾကပါတယ္။

corn plant

ဖူးစားေျပာင္း အထြက္အမ်ားဆံုး ႏုိင္ငံကေတာ့ အေမရိကန္ ျဖစ္ၿပီး ေတာင္အေမရိကနဲ႔ အာဂ်င္တီးနားတို႔က ဒုတိယ လိုက္ပါတယ္။

ျမန္မာႏုိင္ငံမွာေတာ့ မိုးပါးေရရွားတဲ့ ေဒသေတြမွာ ေျပာင္းဆန္ကို စားသံုးေနၾကပါေသးတယ္။ ေျပာင္းဆန္ကို ႏုိင္ငံျခား ပို႔ကုန္အေနနဲ႔လည္း ေရာင္းခ်ပါေသးတယ္။ ျမန္မာႏုိင္ငံမွာ ဖူးစားေျပာင္းကို အမ်ိဳးအစား ခြဲျခား ထားပါေသးတယ္။ တစ္မ်ိဳးမွာ ဖက္ေျပာင္းျဖစ္ၿပီး အျခားတစ္မ်ိဳးမွာ စားေျပာင္း ျဖစ္ပါတယ္။
ေျပာင္းဖူးဖက္လိပ္တဲ့ ဖက္ေတြကို ဖက္ေျပာင္းကေန ရပါတယ္။ ေယာဖက္လုိ႔လည္း ေခၚပါတယ္။

ဖက္ေျပာင္းကေန ရတဲ့ ေျပာင္းဆန္ကို ေပါက္ေပါက္ေဖာက္ရာမွာ အသံုးျပဳသလို ေပါက္ေပါက္ဆုပ္ လုပ္ရာမွာလည္း အသံုးျပဳပါတယ္။ စားေျပာင္းကေတာ့ ျပဳတ္စား၊ ဖုတ္စား၊ ေၾကာ္စား စားသံုး ၾကပါတယ္။ ျမန္မာေတြ ႏွစ္သက္တဲ့ အစားအစာတစ္မ်ိဳးပါ။

corn_cook

ေျပာင္းဖူးမွာ အာဟာရဓာတ္ မ်ားစြာပါ၀င္တာေၾကာင့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရရွိႏုိင္ပါတယ္။ ေျပာင္းဖူးမွာ ဗီတာမင္ B1 ပါ၀င္ၿပီး ဗီတာမင္ B5 ၊ ေဖာလိပ္၊ ဗီတာမင္ စီတုိ႔ အက်ိဳးညီစြာ ပါ၀င္ပါတယ္။  ႏွလံုးေသြးေၾကာဆိုင္ရာ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။ ကင္ဆာေရာဂါကို ကာကြယ္ေပးပါတယ္။ မွတ္ဥာဏ္ကို အားေကာင္းေစပါတယ္။

အျမင္အာရံု ေကာင္းမြန္ဖို႔ ကူညီေပးပါတယ္။ ေသြးတြင္းက ကိုလက္စထေရာေတြကို က်ေစပါတယ္။

ေျပာင္းဖူးဟာ အျခား ဟင္းသီးဟင္းရြက္ေတြထက္ အာဟာရဓာတ္ ပိုမို ပါ၀င္ပါတယ္။ ေျပာင္းဖူးကို ဆီေတြ သၾကားေတြနဲ႔ ခ်က္စားတာထက္ စာရင္  ျပဳတ္စားတာက ပိုၿပီး အက်ိဳးရွိေစပါတယ္။

Credit: Good Health, Wiki