ရက်ပိုင်းအတွင်း ဝိတ်အမြန်ကျချင်သူတွေအနေနဲ့ သခွားသီးနဲ့ ဝိတ်ချခြင်းက အကောင်းဆုံးဖြတ်လမ်းနည်းတစ်ခုပဲဖြစ်ပါတယ်။

၇ ရက်အတွင်း ၁၅ ပေါင်ခန့် ကျသွားမှာဖြစ်တဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေမှာမဟုတ်တာကြောင့် စိတ်ချလက်ချစားသုံးပေးနိုင်ပါတယ်။

သခွားသီး Diet ဖြစ်တာကြောင့် အဓိက ပါဝင်ပစ္စည်းက သခွားသီးဖြစ်ပြီး ကြက်ဥ၊ ကြက်သား၊ ငါး စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေထံမှလည်း အာဟာရဓာတ်ရယူရမှာဖြစ်ပါတယ်။ သင် စားသုံးတဲ့အစားအစာတိုင်းကို သခွားသီးနဲ့အစားထိုးရမှာဖြစ်ပြီး အခြားသစ်သီးနဲ့ ဟင်းသီးဟင်းရွက်များကိုတော့ တတ်နိုင်သမျှ လျှော့စားရမှာပဲဖြစ်ပါတယ်။

သတိထားရမယ့် အချက်တစ်ခုကတော့ သခွားသီး Diet ကို ၁၄ ရက်ထက်ပိုပြီး မကျင့်သုံးသင့်ပါဘူး။ ဝိတ်ကျသွားတယ်ဆိုရင်ပဲ ရပ်တန့်လိုက်သင့်ပြီး အခြားနည်းလမ်းများနဲ့ ဝိတ်ပြန်ထိန်းရမှာပဲဖြစ်ပါတယ်။

သခွားသီး Diet နဲ့ ဘယ်လိုဝိတ်ချရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပထမရက်

မနက်စာကို ကြက်ဥနှစ်လုံး၊ သခွားသီးနဲ့ အခြားဆေးဖက်ဝင်အရွက်တစ်မျိုးမျိုးဖြင့် တွဲဖက်စားသုံးပေးရပါမယ်။

နေ့လည်စာ မစားခင်မှာ အဆာပြေအနေနဲ့ သခွားသီး ၂ လုံး စားသုံးပါ။

နေ့လည်စာ အဖြစ်တော့ သခွားသီးသုပ်၊ သံပုယိုရည်နဲ့ ဒိန်ချဉ်တို့ စားသုံးပေးလိုက်ပါ။

ညနေစာ အဆာပြေကိုတော့ သခွားသီး ၂ လုံးစားပါ။

ညစာကိုတော့ ဆန်လုံးညိုကို ကြက်သားကင်၊ သခွားသီးတို့ဖြင့် စားသုံးပေးလိုက်ပါ။

ဒုတိယရက်

မနက်စာကိုတော့ သခွားသီး၊ အစိမ်းရောင်ပန်းသီးနဲ့ ဟင်းနုနွယ်တို့ဖြင့် ရောမွှေထားတဲ့ သခွားသီး Smoothie သောက်သုံးပေးလိုက်ပါ။

နေ့လည်စာ အဆာပြေကိုတော့ သခွားသီး ၁ လုံးနဲ့ အယ်လ်မွန်စေ့ လက်တစ်ဆုပ်စာခန့် စားသုံးပေးလိုက်ပါ။

နေ့လည်စာကိုတော့ သခွားသီး ၁ လုံး၊ လိမ္မော်သီး ၁ လုံးနဲ့ ချိစ်အနည်းငယ် စားသုံးပေးလိုက်ပါ။

ညနေအဆာပြေကိုတော့ Green Tea သောက်သုံးပေးလိုက်ပါ။

ညစာကိုတော့ သခွားသီး ၁ လုံးနဲ့ ချိစ်အနည်းငယ် စားသုံးနိုင်ပါတယ်။

သုံးရက်မြောက်နေ့

မနက်စာကို ပေါင်မုန့်မီးကင်တစ်ချပ်၊ သခွားသီးတစ်လုံးနဲ့ ချိစ်အနည်းငယ် စားသုံးပေးလိုက်ပါ။

နေ့လည်စာ အဆာပြေကိုတော့ သခွားသီး ၂ လုံးစားပါ။

နေ့လည်စာအဖြစ် သခွားသီးနဲ့ ခရမ်းချဉ်သီးတို့ကို သံလွင်ဆီနဲ့ သုပ်ပြီး စားသုံးလိုက်ပါ။

ညနေစာကိုတော့ အစိမ်းရောင် ပန်းသီးတစ်လုံး စားသုံးနိုင်ပါတယ်။

ညစာကိုတော့ ဆော်လမွန်ငါး၊ သခွားသီးနဲ့ အာလူးကင်တို့ စားသုံးပေးလိုက်ပါ။

လေးရက်မြောက်နေ့မှာတော့ ပထမရက်ကအတိုင်း ပြန်လည်စားသုံးပေးလိုက်ပါ။ ဒီလိုနဲ့ တစ်ပတ်ပြည့်တဲ့အခါမှာတော့ သင့်ရဲ့ ကိုယ်အလေးချိန်က ၁၅ ပေါင်ခန့် လျော့ကျသွားမှာပဲဖြစ်ပါတယ်။

Source: Healthline.com