ပျဥ်းတော်သိမ်ရွက်လို့ ပြောတာနဲ့ ဟင်းလျာ ပိုပြီး မွှေးဖို့ ထည့်တဲ့ ဟင်းခတ်ရွက်တစ်မျိုးဆိုတာလည်း သိကြမှာပါ။ ပျဉ်းတော်သိမ် ရဲ့ မူလဇာတိဟာ အိန္ဒိယပါ။ အိန္ဒိယဟင်းလျာတွေ ချက်ပြုတ်မယ်ဆိုရင်တော့ ပျဉ်းတော်သိမ်ရွက်ကို အသုံးများပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ အသုံးများကြပြီး အရွက်ရဲ့ အနံ့ဟာ နည်းနည်းတော့ ပြင်းပါတယ်။

Source: SPICEography

ပျဉ်းတော်သိမ်ရွက်မှာ ကာဗွန်ဟိုက်ဒြိတ်၊ အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ ဖော့ဖရက်စ်၊ သံဓာတ်၊ မက်ကနိဆီယမ်၊ ကော့ပါးနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင်ဓာတ်ပါင်းစုတွေ ပါဝင်ပြီး Antioxidant လည်းပါဝင်ပါတယ်။

Source: Ayurvedic Medicine

ပျဉ်းတော်သိမ်ရွက် စားခြင်းဟာ လူတွေအတွက် ကျန်းမာရေးအကျိုးတွေ ရှိပါတယ်။ အဆိပ်ရှိတဲ့ အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့ အခါမျိုးမှာ အရွက်ကို ချေပြီး အုံပေးရင် အဆိပ်တွေ အမြန်ကျစေပါတယ်။ အစာခြေဖျက်မှု စနစ်အတွက် ကောင်းမွန်စေသလို မနက်ခင်းတွေမှာ မအီမသာ ခံစားရတာမျိုးတွေကို သက်သာစေနိုင်ပါတယ်။ ကျောက်ကပ်အတွက် ကောင်းမွန်စေပြီး ကျောက်ကပ်ရောဂါရှင်တွေ အတွက် သတ္တုရည်ကို သောက်ပေးလို့ ရပါတယ်။ ကိုယ်တွင်း အပူအပုပ် ကျစေပြီး အသားအရေ ကြည်လင်စေနိုင်ပါတယ်။

Source: Yummy O Yummy

အသည်းပျက်ဆီးစေမှုကို ကာကွယ်ပေးနိုင်တဲ့ အတွက် အရက်သောက်သူတွေ အစိမ်းစားပေးသင့်ပါတယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ အတွက် နှလုံးရဲ့ ကျန်းမာရေးကို စောင့်ရှောက်နိုင်စွမ်း ရှိပါတယ်။ ဆံသားကို ကောင်းမွန်စေပြီး ဗောက်ရှိသူတွေ အတွက် အုန်းဆီနဲ့ သတ္တုရည် ရောလိမ်းပေးရင် ပျောက်ကင်းနိုင်ပါတယ်။

Source: Fine Cooking

ပျဉ်းတော်သိမ်ကို အဓိက ထည့်ချက်တဲ့ ဟင်းကတော့ ပဲကုလားဟင်းပါ။ သီးစုံကုလားဟင်းနဲ့ ကြက်သားဆီပြန်တွေမှာလည်း ထည့်ချက်ကြပါတယ်။ အချို့က အရွက်နုလေးတွေကို တို့စရာအဖြစ် စားကြပါတယ်။ ဈေးထဲမှာတော့ ဆီသတ်ရွက်လို့လည်း ခေါ်ပါတယ်။

Credit: food.ndtv