အားလုံးပဲမင်္ဂလာပါနော်။ အစားအစာ ချက်ပြုတ်ရတာဝါသနာပါတဲ့အပြင် အစားအစာတွေကို စားချင်စဖွယ်လေးဖြစ်အောင်၊ မစားရက်ဖြစ်လောက်အောင် အလှဆင်ရတာ ဝါသနာပါတဲ့ သူတွေအတွက် ချစ်စရာကောင်းတဲ့ ဝက်ဝံပုံထမင်းနဲ့ ကြက်ဥစောင်ခြုံပုံလေးတွေကို မျှဝေပေးချင်ပါတယ်။

ထမင်းသုပ်ပဲဖြစ်ဖြစ်၊ ထမင်းပေါင်းပဲဖြစ်ဖြစ်၊ ထမင်းကြော်ပဲဖြစ်ဖြစ် ဝက်ဝံအရုပ်ပုံဖော်တဲ့ ပုံစံခွက်လေးတွေနဲ့ ထမင်းကို ဝက်ဝံပုံလုပ်လို့ရပါတယ်။

ကြက်ဥကိုတော့ မွေကြော်ပါးပါးကြော်လိုက်ပြီး အပေါ်ကနေ ဆောင်လိုမျိုးအုပ်ပေးလိုက်ရမှာဖြစ်ပါတယ်။

ရေ ညှိ၊ ပဲသီး၊ ချိစ် တို့ကို အသုံးပြုပြီးတော့ ဝက်ဝံရဲ့ မျက်လုံး နှာခေါင်း၊ နှုတ်ခမ်းပုံလေးတွေ လုပ်လို့ရတယ်နော်။

အသည်းယားစရာကောင်းလွန်းတဲ့ စောင်ခြုံ ဝက်ဝံလေးပုံလေးတွေကို ကြည့်လိုက်ပါဦးနော်။

By: MyFood Myanmar