ဒီနေ့ဟာ Diet Plan ရဲ့ ဒုတိယရက်ပါ။ ဒုတိယရက်မှာတော့ ဟင်းသီးဟင်းရွက်တွေကို အဓိကထား စားရပါမယ်။ အစိမ်းစားလို့ ရသလို ဆားနည်းနည်း
နဲ့ ပြုတ်စားလို့လည်း ရပါတယ်။ ပြုတ်တဲ့ အခါ ငရုတ်သီး၊ ခရင်မ်၊ ထောပတ်၊ နွားနို့နဲ့ ဆီတွေကိုတော့ ထည့်လို့ မရပါဘူး။

ပထမရက်မှာတော့ အသီးတွေစားပြီး အောင်မြင်စွာ ဖြတ်ကျော်လာကြပြီလို့ ယြုံကည်ပါတယ်။ အခု ဒုတိယနေ့အတွက် Menu လေးကတော့
သိပ်လည်း မခက်တဲ့ အတွက် အဆင်ပြေမှာပါ။

မနက်စာ  –  အာလူးပြုတ် တစ်လုံး (ဆားနဲ့ စားလို့ရပါတယ်) အပြုတ်အစား ကင်စားလို့လည်း ရပါတယ်။

နေ့လည်စာ – အသီးအရွက်သုပ် (အောက်မှာ ပြုလုပ်နည်းဖော်ပြပေးထားပါတယ်)

ညစာ – အသီးအရွက်သုပ်

အာလူးစားတဲ့ အတွက် ၀မှာ မစိုးရိမ်ပါနဲ့။ အာလူးဟာ ဗိုက်ပြည့်စေပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊
သံဓာတ်နဲ့ ဖော့စရပ်တွေ ပါဝင်ပါတယ်။ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ဗီတာမင် ဘီတို့ ပါဝင်တဲ့ အတွက် အားကို ဖြစ်စေပါတယ်။ လူတွေဟာ
အာလူးစားရင် ၀တတ်တယ်လို့ ယူဆထားကြပါတယ်။ အာလူးဟာ သူ့ချည်းဆိုရင် မ၀နိုင်ပါဘူး။ ဆီ၊ ထောပတ်၊ နို့တွေနဲ့ စားတဲ့ အခါ
ဝစေပါတယ်။ အာလူးကြော်လုံးဝ မစားရပါဘူး။

potato_day2
ဒုတိယရက် – သောက်ရမယ့် အရည်များ

– အနည်းဆုံး ရေဖန်ခွက် ၁၀ခွက် သောက်ပါ။
– မနက်စာ မစားခင် Weight-Loss Drink သောက်ပါ။
– Green Tea သောက်လို့ ရပါတယ်။
– ကော်ဖီ (အချိုမပါတဲ့ အကြမ်း)

7

ပါဝင်ပစ္စည်းများ

salad_day2
– ဆလပ်ရွက် ၁၀ ရွက်
– ဂေါ်ဖီ တစ်စိပ် (လှီးထားပါ)
– ကြက်သွန်စိမ်း ၅လုံး (အကွင်းလိုက် လှီးထားပါ)
– မုန်လာဥနီ ၃လုံး (အခွံနွှာပြီး ပါးပါးလှီးထားပါ)
– ခရမ်းချဉ်သီး ၃လုံး (အကွင်းလိုက် လှီးထားပါ)
– သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ဇွန်း
– သခွားသီး ခပ်ကြီးကြီး ၃လုံး (အချပ်လိုက် လှီးထားပါ)
– ချယ်ရီခရမ်းချဉ်သီး ၃လုံး
– ပြုတ်ပြီးသား ပြောင်းဖူး အနည်းငယ်
– ပဲစေ့ အနည်းငယ် (Readymade ဗူးတွေရှိပါတယ်။ ပဲစိမ်းဗူးပါ)
– ဆား အနည်းငယ်
– ကြက်သွန်မြိတ် အနည်းငယ်
– တရုတ်နံနံပင်နဲ့ ပန်းပွင့်စိမ်း အနည်းငယ် (မကြိုက်ရင် မထည့်ပါနဲ့)

ပြုလုပ်ပုံ
ပါဝင် အသီးအရွက်အားလုံးကို ဇလုံထဲ ရောထည့်လိုက်ပါ။ ဆားနဲ့ သံပုရာရည် အနည်းငယ် ထည့်ပြီး မွှေပါ။ တစ်နာရီလောက် ရေခဲသေတ္တာထဲ
ထည့်ပြီး ဆာတဲ့ အခါတိုင်း စားလို့ ရပါတယ်။

salad

တကယ်လို့ Salad လုပ် မစားချင်ရင်တော့ ကန်စွန်ရွက်ပြုတ် စားပါ။ သခွားသီး အစိမ်း စားပါ။ မုန်လာဥနီကို ဆားနည်းနည်း ထည့်ပြီး
ဖျော်သောက်ပါ။

သတိပြုရန် – အရွက်တွေကို ကြော်စားလို့ မရပါဘူး။ အစိမ်းစား ဒါမှမဟုတ် ပြုတ်စားလို့ ရပါတယ်။

တတိယရက်ကတော့ အသီးနဲ့ အသီးအရွက်တွေကို ရောစားရမယ့် နေ့ပါ။
တတိယရက် ဆက်ရန် >>>>>>

Review: https://myfoodmyanmar.com/diet-plan-review/
ပထမရက်: https://myfoodmyanmar.com/diet-plan-1st-day/