အမေရိကန် သုတေသနပညာရှင်တွေရဲ့ လေ့လာချက် အသစ်မှာ သစ်ကြားသီးနဲ့ ပဲပိစပ်ကို ပုံမှန် စားပေးရင် သွေးတွင်း သကြားဓာတ်ကို နိမ့်ကျစေနိုင်ပြီး ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

သစ်ချသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါတွေ အနက် အဖြစ်များပြီး လူသားတွေကို ခြိမ်းခြောက်နေတဲ့ ဆီးချိုရောဂါဟာ နာတာရှည် ရောဂါတစ်ခု ဖြစ်ပါတယ်။ အစားအသောက်ကို ချင့်ချိန်စားသောက်ပြီး ကျန်းမာစေမယ့် နေထိုင်မှုတွေနဲ့ ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။

ဂလူးကိုစ့်နဲ့ အင်ဆူလင် လယ်ဗင်တွေဟာ ပုံမှန်ဖြစ်စေမှသာ ဆီးချို မဖြစ်စေနိုင်တာပါ။ Tufts University မှ သုတေသနာ ပညာရှင်တစ်ဦးဖြစ်သူ Dariush Mozaffarian ရဲ့ လေ့လာတွေ့ရှိချက်အရ ဆီးချိုကို တားဆီးနိုင်မယ့် အချက်တွေကို တွေ့ရှိကြောင်း ပြောထားပြီး ကောင်းမွန်တဲ့အဆီဓာတ်တွေ များတဲ့ အစေ့အဆံ။ နေကြာစေ့ ၊ သစ်ကြားသီး၊ ပဲပိစပ်၊ ငါးနဲ့ ဟင်းရွက်ဆီ တို့ကို စားပေးဖို့ ပြောထားပါတယ်။ သကြားနဲ့ တိရစ္ဆာန်အဆီတွေကို လျှော့စားဖို့ အကြံပြုထားပါတယ်။

ကိုယ်ခနာရဲ့ အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးဖို့ လိုကြောင်း ပြောထားပြီး အဝလွန်နေသူတွေအတွက် ဆီးချိုဖြစ်ဖို့ ပိုများကြောင်း ပြောထားပါတယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ဖို့ အတွက် အလွန်အကျွံ အချိုမစားဖို့လည်း သတိပေးထားပါတယ်။

Credit: zeenews