အစားအသောက်နဲ့ပတ်သက်လာရင် အကြောင်းအရာတွေ တော်တော်များများကို သေချာမသိနေကြတဲ့သူတွေကများပါတယ်။ အခုတစ်ခါမှာလည်း စာဖတ်ပရိတ်သက်တွေကို ပြောပြပေးချင်တာက သေချာမသိပဲလုပ်မိနေတဲ့ အစားသောက်တွေအကြောင်းပေါ့။

အိမ်တိုင်းမှာဟင်းသီးဟင်းရွက်တွေကို ကြာရှည်ခံအောင် ဈေးဝယ်ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာထည့်ထားတတ်ကြပါတယ်။

ဒီလိုမျိုး ရေခဲသေတ္တာကိုအသုံးပြုတဲ့အခါမှာလည်း ထည့်သင့်တဲ့အရာတွေလည်းရှိသလို မထည့်သင့်တဲ့အရာတွေလည်း ရှိနေတာကြောင့် ဆင်ခြင်ပြီးအသုံးပြုလို့ရအောင် ဖော်ပြပေးမယ်နော်။

ဖရဲသီး

တော်တော်များများက ဖရဲသီးကိုရေခဲသေတ္တာထဲမှာ ထည့်ပြီးတော့သိမ်းထားရင် အေးအေးလေးနဲ့စားလို့ကောင်းပြီး တာရှည်လည်းအထားခံတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ ဖရဲသီးကိုရေခဲသေတ္တာထဲထည့်ထားတာက ဖရဲသီးမှာပါဝင်နေတဲ့အာဟာရဓာတ်တွေကို ပျက်စီးသွားစေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အေးတာလေးစားချင်တယ်ဆိုရင်တော့ ခွဲခြမ်းပြီးမှ ရေခဲသေတ္တာထဲခဏထည့်ထားပြီးမှ စားပေးသင့်တယ်နော်။

ခရမ်းချဉ်သီး

ဒါကလည်း တာရှည်အထားခံမယ်ထင်ပြီး ရေခဲသေတ္တာထဲထည့်ထားမိတတ်တဲ့ အစားစာပဲပေါ့။ ခရမ်းချဉ်သီးဆိုတာ သာမန်အပူချိန်တိုင်းထားပေးမှ လုံလောက်တဲ့အာဟာရဓာတ်တွေကို ရရှိမှာပေါ့။ ရေခဲသေတ္တာထဲမှာထည့်ထားမယ်ဆိုရင် အချိန်ခဏလေးအတွင်းမှာ ပျက်စီးပြီးပုပ်သိုးသွားမှာပါ။ အပြင်မှာဒီတိုင်းထားရင်တောင် နှစ်ရက်သုံးရက်လောက်ပဲအထားခံတာကြောင့် တစ်ခါဝယ်ရင်အများကြီးဝယ်ထားတာမျိုးတွေကို ဆင်ခြင်လိုက်ပါနော်။

ပျားရည်

ပျားရည်ဆိုတာ ဒီတိုင်းထားရင်တောင် အချိန်အကြာကြီးအထားခံတဲ့ အရာဖြစ်တာကြောင့် တာရှည်ခံအောင် ရေခဲသေတ္တာထဲလည်းထည့်ထားဖို့ မလိုအပ်ပါဘူး။ ရေခဲသေတ္တာထဲကို ထည့်ထားလိုက်မယ်ဆိုရင်လည်း အရသာနဲ့ သူ့မှာပါဝင်နေတဲ့အာဟာရဓာတ်တွေ ပျက်စီးသွားနိုင်တာကြောင့် မထည့်ထားတာက အကောင်းဆုံးပါပဲ။

Photo Source: Unsplash

Featured Image Source: news.caak.mn