ကျန်းမာရေးအတွက် Food Safety ဆိုပြီး အစားအသောက်လုံခြုံမှုရှိတဲ့ အစားအစာများကို စားသုံးကြဖို့ တိုက်တွန်း နှိုးဆော်တာတွေရှိကြပါတယ်။ တကယ်တမ်း အစားအသောက်လုံခြုံရေး (Food Safety) အတွက် ကမ္ဘာမှာ ချမှတ်ထားတဲ့ စံနှုန်းတွေကို တိတိကျကျ သိရှိဖို့က ခက်ခဲပါတယ်။

အခုနောက်ပိုင်းတော့ ကမ္ဘာမှာ အစားအသောက်လုံခြုံရေးအတွက် “Farm to Fork” လုံခြုံရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ပြီး လုပ်ဆောင်လာကြပါတယ်။

steamed_cooked_organic_the_freshness_horizontal_food_nature_macro-1216156.jpg!d

“Farm to Fork”ဆိုတာ “စိုက်ခင်းမှ အစားအစာဆီ သို့” လို့ အဓိပ္ပာယ်ရပါတယ်။ ဆိုလိုချင်တာကတော့ လတ်ဆတ်မှု ရှိတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ သား၊ငါးတွေကို ဓာတုဆေးဝါး၊ ကြာရှည်ခံပစ္စည်း မသုံးဘဲ အစားအစာအဖြစ် ပြောင်းလဲရေး အစီအစဉ်တွေဘဲဖြစ်ပါတယ်။

ကျွန်မတို့ စားသုံးနေတဲ့ အစားအစာတွေရဲ့ ထုတ်လုပ်မှု၊ သိမ်းဆည်းမှု၊ အစားအစာအဖြစ် ပြောင်းလဲမှုတွေမှာ ဓာတုပစ္စည်းပါဝင်မှုတွေ၊ သန့်ရှင်းမှုမရှိတာတွေ၊ ညစ်ညမ်းတာတွေ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။

tree_field_barn_orchard_prairie-144.jpg!d

ဒါကြောင့် “Farm to Fork” အစီအစဉ်တွေက အစားအသောက်ထုတ်လုပ်မှုတွေမှာပါရှိလာမယ့် မသန့်ရှင်းမှုတွေ၊ ဓာတုဆေးဝါးတွေ၊ ညစ်ညမ်းတာတွေကို တတ်နိုင်သမျှ အနည်းဆုံး လျော့ချတဲ့ အစီအစဉ်ဖြစ်ပါတယ်။

ခနော ကြက်သားမှုန့်ကလည်း “Farm to Fork” အစီအစဉ်က သဘာဝ ပတ်ဝန်းကျင် ရေရှည်တည့်တံ့ရေး၊ လယ်သမားတွေဘ၀ တိုးတက်ရေးနဲ့ ခနော ထုတ်ကုန်ပစ္စည်းတွေ အရသာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်းပေးတဲ့အတွက် “Farm to Fork” အစီအစဉ်တွေနဲ့အညီ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုခံထားရတဲ့၊ အရည်အသွေးမြင့် အစားအစာတွေကျွေးမွေးပြီး မွေးမြူထားတဲ့၊ သန့်ရှင်းတဲ့ ကြက်မွေးမြူရေး ခြံတွေမှာ မွေးမြူပြီး၊ ဟော်မှုန်းဆေးဝါးတွေနဲ့ ရောဂါကာကွယ်တဲ့ ဓာတု ဆေးဝါးတွေမသုံးထားတဲ့  ကြက်မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေး ကောင်းပြီး အရွယ်ရောက်ပြီးသား ကြက်သားတွေနဲ့သာ ထုတ်လုပ်တာဖြစ်ပါတယ်။

p1avg9vqi44lu1ootveb1r7ccgp3

HACCP အစီအစဉ်

HACCP အစီအစဉ်ဆိုတာ စားသောက်ကုန်များ လုံခြုံမှုရှိစေရေးအတွက် ကြီးကြပ်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး အရှည်ကောက်ကတော့ Hazard Analysis Critical Control Point လို့ ခေါ်ပါတယ်။

အဲ့ဒီ အစီအစဉ်ကို ပထမပိုင်းမှာတော့ အာကာသ ကို သွားမယ့် အာကာသ သိပ္ပံပညာရှင်တွေရဲ့ အစားအသောက်တွေ စီစဉ်ရာမှာ ကျန်းမာရေးနဲ့ သန့်ရှင်းမှု စံနှုန်းအနေနဲ့ ရှိခဲ့ရာမှ အခုဆိုရင်တော့ အစားအသောက်စံချိန်စံညွှန်းတစ်ခုဖြစ်နေပါပြီ။

အဖွဲ့တစ်ဖွဲ့က အစားအစာတွေရဲ့ လုံခြုံရေးကို HACCP စံနှုန်းတွေနဲ့ညီလားဆိုတာ အစားအသောက်ထုတ်လုပ်၊ ထုပ်ပိုး၊ ရောင်းချတဲ့အထိ အသေးစိတ် စစ်ဆေးပါတယ်။ အဓိကစစ်ဆေးချက်တွေကတော့…….

 

ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေရှိလား

ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ဆိုတာ ဥပမာ ဖန်သား သို့မဟုတ် သတ္တုနဲ့ ထုပ်ပိုးထားရင် သူတို့မှာ ကျန်းမာရေးအရ ညစ်ညမ်းမှုရှိမရှိ၊ ၎င်းတို့ကို အသုံးပြုရင် ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုအန္တရာယ်ရှိနိုင်သလား၊ မရှိနိုင်ဘူးလားဆိုတာ စစ်ဆေးပြီး တွေ့ရှိရင် ဖယ်ရှားရပါတယ်။

background_frame_food_kitchen_cook_tomatoes_pasta_dish-1206442.jpg!d

ဓာတုပစ္စည်းတွေ ပါဝင်နေလား

အစားအသောက်ထဲမှာ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ၊ ကြာရှည်ခံပစ္စည်းတွေ အသုံးပြုသလားဆိုတာ အသေးစိတ်စစ်ဆေးပါတယ်။

ဇီဝဗေဒ ပိုင်းဆိုင်ရာ ညစ်ညမ်းမှု

အစားအသောက် ထုတ်ကုန်တွေမှာ ဘက်တီးရီးယား၊ ဗားရက်စ်၊ မှိုတွေနဲ့ ကပ်ပါးကောင်တွေ ပါဝင် ခြင်းရှိမရှိကို စစ်ဆေးပါတယ်။

ခနော ကြက်သားမှုန့်ကို ထုတ်လုပ်တဲ့ Unilever Food Solutions ကလည်း HACCPP စံနှုန်းတွေကို ကျင့်သုံးပြီး ထုတ်လုပ်ထားပါတယ်။