မင်္ဂလာပါ ပျိုမေတို့ရေ… အရင်ကနဲ့မတူပဲ ဝက်ခြံတွေအရမ်းထွက်လာလို့ စိတ်ညစ်နေရပြီလား။ အသားအရေကို ထိန်းသိမ်းမှုတွေ ပုံမှန်လုပ်ပေးနေပေမယ့်လည်း ဝက်ခြံတွေထွက်နေမယ်ဆိုရင် ဖြစ်နိုင်ချေရှိတဲ့နောက်တစ်ခုကတော့ အစားအသောက်ကြောင့်ပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသားသူတွေတော်တော်များများကို ဝက်ခြံဖြစ်စေဖို့ တိုက်တွန်းနေသလိုဖြစ်နေတဲ့ အစားအသောက်တစ်ချို့ကို ရှောင်မယ်ဆိုရင်တော့ သက်သာစေမှာပါ။

ချောကလက်

ဝက်ခြံဖြစ်တတ်တဲ့သူတွေ ရှောင်သင့်တဲ့အစားစာတွေထဲမှာ ချောကလက်ပါနေတယ်ဆိုတာကိုတော့ သိထားဖို့လိုအပ်ပါတယ်။ ချောကလက်မှာပါဝင်နေတဲ့ အချိုဓာတ်တွေနဲ့ အဆီဓာတ်တွေက မျက်နှာအသားအရေကို အဆီတွေပိုထွက်လာစေတာမျိုးရှိတာကြောင့် နေ့တိုင်းစားတာမျိုးတွေ၊ ခဏခဏစားတာမျိုးတွေကို ဆင်ခြင်သင့်ပါတယ်နော်။

စပ်တဲ့အစားစာများ

စပ်တဲ့အစားစာတွေကိုစားပြီး နောက်နေ့မှာဝက်ခြံဖြစ်တယ်ဆိုတာက ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ စပ်တဲ့အစားစာတွေက အသားအရေပေါ်မှာ ဝက်ခြံဖြစ်စေတဲ့အရာတွေနဲ့ ဆက်စပ်မှုရှိနေတာကြောင့် ရှောင်သင့်တဲ့အစားစာမျိုးထဲမှာ ပါဝင်နေပါတယ်နော်။

နွားနို့

နွားနို့သောက်သုံးတာက ကျန်းမာရေးကိုကောင်းမွန်စေတယ်ဆိုပေမယ့်လည်း ဝက်ခြံဖြစ်တတ်တဲ့သူတွေအတွက်ကတော့ သွားမထိသင့်တဲ့ အရာလို့ပြောလို့ရပါတယ်။ နွားနို့မှာပါဝင်နေတဲ့ အဆီဓာတ်တွေက အသားအရေအတွက်လုံးဝကို အဆင်မပြေပါဘူး။ ဒါကြောင့် သင့်က ဝက်ခြံထွက်တတ်တဲ့သူဆိုရင် နွားနို့ကိုမသောက်တာ အကောင်းဆုံးပါ။

အာလူးကြော်

အာလူးကြော်ဆိုတာ ကျန်းမာရေးအတွက်လည်း အထောက်အကူမဖြစ်တဲ့ အစားစာပါပဲ။ အာလူးကြော်များများစားတတ်တဲ့သူတွေ တော်တော်များများရဲ့ အသားအရေမှာ အဆီဖုလေးတွေဖြစ်နေတာမျိုးကို တွေ့ရတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာလူးကြော်က အသားအရေမှာရှိနေတဲ့ ချွေးပေါက်တွေကိုကျဉ်းသွားစေပြီး အဆီဖုလေးတွေကိုဖြစ်လာစေတာပဲဖြစ်ပါတယ်။

Photo Source: Pinterest