တန်ဖိုးထားမြတ်နိုးရတဲ့ ဆံသားတွေက အမြဲတမ်းလှပနေဖို့လိုအပ်တဲ့အရာလို့ လူတော်တော်များများက သတ်မှတ်ထားတတ်ကြပါတယ်။ ဒါကြောင့်လည်း မိန်းကလေးတော်တော်များများက ဆံသားတွေကိုနူးညံ့ပျော့ပျောင်းပြီး လှပနေအောင် အလှပြင်ဆိုင်တွေသွား၊ Hair Care နည်းလမ်းပေါင်းစုံလုပ်ပြီး ဆံသားတွေကိုထိန်းသိမ်းနေကြပေမယ့် ဒီအစားစာတွေကြောင့်ဆိုရင်တော့ Hair care ကိုတကူးတကလုပ်ပေးနေစရာ မလိုလောက်အောင်ကို အကျိုးကျေးဇူးတွေရလာမှာပဲဖြစ်ပါတယ်။

အသားငါးတွေကိုမျှတအောင်စားပေးဖို့

အစားအသောက်တွေထဲမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့အစားစာတွေက ဆံပင်အတွက်အရမ်းကိုထိရောက်တဲ့ အကျိုးအာနိသင်တွေရှိစေနိုင်ပါတယ်။ အသား၊ ငါးတွေကိုသင့်တင့်မ ျှတအောင် စားသုံးပြီး ဥအမျိုးမျိုးနဲ့ တခြားပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားစာမျိုးတွေကို စားသုံးပေးဖို့လိုအပ်ပါလိမ့်မယ်။

Sea Food သမားတွေအတွက် ကမာကောင်

ပင်လယ်စာတွေကို စားရတာနှစ်သက်တဲ့သူဆိုရင် ကမာကောင်ကိုဦးစားပေးပြီး စားသုံးပေးဖို့လိုပါတယ်။ ကမာကောင်မှာပရိုတင်းဓာတ်တွေ များစွာပါရှိနေတာကြောင့် ဆံသားကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ပရိုတင်းဓာတ်တွေကို ရရှိစေနိုင်ပါတယ်။

စားလို့ကောင်းတဲ့ Almond စေ့

ခေါင်းလေ ျှာ်ရည်နဲ့ ဆံပင်ပျော့ဆေးတော်တော်များများမှာ Almond Oil ပါဝင်နေတယ်ဆိုတာကို အားလုံးသတိထားမိမှာပါ။ Almond ကိုပုံမှန်လေးစားသုံးပေးမယ်ဆိုရင် ဆံသားတွေကိုအတွင်းပိုင်းကနေ အားဖြည့်ပေးပြီး ဆံပင်တွေကိုသန်စွမ်းစေပါတယ်။

အသီးအရွက်ကြိုက်သူတို့အတွက် ဟင်းနုနွယ်

ဟင်းနုနွယ်ရွက်မှာ ပိုတက်စီယမ်ဓာတ်တွေ၊ ကယ်ဆီယမ်ဓာတ်တွေ များစွာပါဝင်နေတဲ့အတွက်ကြောင့် ဆံသားအတွက်လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို ပေးနိုင်တဲ့အကောင်းဆီး ဟင်းသီးဟင်းရွက်လို့လည်းဆိုလို့ရပါတယ်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ Omega 3 fatty acid တွေပါဝင်နေတာကြောင့် စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပြီး ဆံသားတွေအတွက်ဆိုရင်လည်း ဆံသားအားနည်းတာကြောင့်ဖြစ်စေတတ်တဲ့ ဆံပင်ကျွတ်တာတွေကိုလည်း လျော့နည်းစေပါတယ်။

ဒီလိုအစားစာတွေကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အာဟာရလည်းပြည့်ဝစေတဲ့အပြင် ဆံသားကောင်းမွန်ဖို့အတွက်လည်း တခြားဆေးတွေကိုအားထားနေစရာမလိုပဲ အစားအသောက်နဲ့ပဲ ဆံသားတွေကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

Photo Source: Unsplash