မင်္ဂလာပါ ပျိုမေတို့ရေ… လှပတဲ့အပြုံးလေးတွေကိုပိုင်ဆိုင်ချင်လို့ သွားတွေကိုသေချာဂရုစိုက်နေပေမယ့်လည်း သွားတွေကဝါနေတုန်းမို့လို စိတ်ညစ်နေပြီလား။ နေ့ရောညပါ သွားကိုပုံမှန်တိုက်ပေးနေပေမယ့် သွားတွေအမြဲဖြူဖွေးမနေတာကတော့ ပျိုမေတို့စားနေတဲ့အစားစာတွေနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။ ဒီတော့ ဘယ်လိုအစားစာမျိုးတွေက သွားတွေကိုဝါစေနိုင်တာလဲ။

ကော်ဖီနဲ့ လက်ဖက်ရည်

ကော်ဖီတွေ လက်ဖက်ရည်တွေဆိုတာ သောက်လို့ကောင်းတဲ့အရာဆိုပေမယ့်လည်း သွားတွေမှာအစွန်းထင်းတွေကျန်ခဲ့ပြီး သွားတွေကိုဝါစေတတ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီးသွားတဲ့အချိန်မှာ သွားကိုပြန်ပြီးတော့ သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်နော်။

ဝိုင်

ဝိုင်သောက်ရတာကိုကြိုက်တဲ့ မမတွေအတွက်တော့ သတိထားစရာတစ်ခုပေါ့။ ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုပေမယ့်လည်း သွားတွေကိုဝါစေတဲ့အတွက်ကြောင့် ဝိုင်အနီအစား ဝိုင်အဖြူကိုအစားထိုးပြီးတော့ သောက်ပေးလို့ရပါတယ်။ မတတ်သာလို့ ဝိုင်နီကိုပဲသောက်မိသွားပြီဆိုရင်လည်း သွားတွေမဝါစေဖို့ ရေကိုလည်းသောက်ပေးသင့်ပါတယ်နော်။

ဟင်းအနှစ်

မြန်မာနိုင်ငံမှာနေတဲ့ မြန်မာလူမျိုးတွေဖြစ်တာကြောင့် နေ့စဉ်စားသောက်နေတဲ့အစားစာတွေက ဟင်းအနှစ်တွေနဲ့ဆိုတော့ နေ့တိုင်းသွားတွေကိုဝါစေဖို့ အခွင့်အလမ်းကအရမ်းကိုများနေပါပြီနော်။ ဒါပေမယ့် ဒါကိုပြန်ပြီးတော့ ဖြေရှင်းလို့ရမယ့်နည်းလမ်းကတော့ ရှိပြီးသားပါ။ အဲဒါကတော့ ထမင်းစားပြီးသွားတဲ့အချိန်တိုင်းမှာ ပလုတ်ကျင်းပေးဖို့နဲ့ ရေများများသောက်ပေးဖို့ပါ။

Photo Source: Shutterstock