အသင့်စား အစားအစာတွေက ကိုယ်အလေးချိန် မြင့်တက်အောင် လုပ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ပရိုတင်း ၊ နွားနို့၊ ထောပတ်သီး၊ အခွံမာသီး သို့ ဆယ်မွန်ငါးတွေကတော့ ကိုယ်အလေးချိန်ကို မြင့်တက်စေပါတယ်။

အရိုးတွေ သန်မာပြီး အားရှိစေဖို့ နွားနို့

နွားနို့မှာ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ် ၊ ကယ်ဆီယမ်၊ ဗီတာမင် နဲ့ Whey Proteins ဓာတ်တွေပါဝင်နေပါတယ်။ သုတေသနပြုလုပ်ချက်များအရ အားကစား ပြုလုပ်ပြီးရင် နွားနို့သောက်ပေးတာက ကြွက်သားတွေ တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ ပဲနို့တွေထက် ပိုပြီး အထောက်အကူဖြစ်ပါတယ်။

နေ့စဉ် ညအိပ်ခါနီးတိုင်း နွားနို့ ၁ ခွက် သောက်ပေးရင် ညကို ကောင်းမွန်စွာ အိပ်ပျော်စေပြီး ကိုယ်အလေးချိန်ကိုလည်းတက်စေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ကယ်လိုရီအများကြီးမပါဝင်ပေမယ့် ပုံမှန် စားသုံးပေးရင် ကိုယ်အလေးချိန် တက်ဖို့ အားပေးပါတယ်။ ထောပတ်သီး ၁ လုံးမှာ ကယ်လိုရီ ၃၃၂၊ အဆီ ၂၉  ဂရမ်၊ အမျှင်ဓာတ် ၁၇ ဂရမ်တို့ ပါဝင်နေပါတယ်။ ဗီတာမင် (C,E,K) တို့ ပါဝင်နေပြီး Salads  နဲ့အသားညှပ်ပေါင်မုန့်တို့နဲ့စားလို့ရပါတယ်။

အနီရောင် အသား

အနီရောင် အသားတွေက ကိုယ်အလေးချိန် တက်စေပြီး ကြွက်သားတည်ဆောက်ရာမှာ အားကောင်းစေပါတယ်။

ကြွက်သား တည်ဆောက်ရာမှာ အာေးကာင်းစေပြီး ပရိုတင်းနဲ့ အဆီဓာတ်ပါဝင်တာကြောင့် ကိုယ်အလေးချိန် တက်စေပါတယ်။

ဒါပေမယ့် အလွန်အကျွံစားရင်တော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

တို့ဖူး

ပဲနို့ ထုတ်ရင်းနဲ့ ထုတ်လေ့ရှိတဲ့ အစားအစာကတော့ တို့ဖူးဖြစ်ပါတယ်။ သက်သတ်လွတ်သမားတွေအတွက် အသားအစားထိုး စားသုံးသင့်ပါတယ်။ ပါဝင်တဲ့ ပရိုတင်း၊ Leucine ၊ ကယ်ဆီယမ်ဓာတ်တွေက ကြွက်သား တည်ဆောက်ရာမှာ အားကောင်းပါတယ်။

Source: Brightside