လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓာကိုယ်ရှိကြွက်သားများ တောင့်တင်းသန်မာပြီး ကျစ်ကျစ်လျစ်လျစ်လေးဖြစ်အောင် ကူညီပေးမယ့် အစားအစာအချို့ရှိတယ်ဆိုတာကို သင် သိပါသလား။ မှန်ကန်တဲ့အစားအစာများကို ရွေးချယ်စားသောက်မယ်ဆိုရင် သင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ကြွက်သားများကို ဖွံ့ဖြိုးအောင် ကူညီပေးနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် အစားအစာတွေကို ရွေးချယ်စားသုံးမယ်ဆိုရင်တော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းများကို ပင်ပင်ပန်းပန်းလုပ်စရာမလိုတော့ပါဘူး။

ပရိုတင်းရှိတ်

ပရိုတင်းရှိတ်ကတော့ လေ့ကျင့်ခန်းပြုလုပ်သူတွေကြား ခေတ်စားနေတဲ့ ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းပြုလုပ်တာတောင်မှ ခန္ဓာကိုယ်က ကိတ်မလာဘူးဆိုရင်တော့ ပရိုတင်းရှိတ်ရဲ့ အကူအညီကို ရယူနိုင်ပါတယ်။ ပရိုတင်းရှိတ် သောက်မယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ၁၅ မိနစ်၊ မိနစ် ၂၀ ကြာတာနဲ့ သောက်သုံးလို့ရပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် အီး၊ ဗီတာမင် အေ၊ ဗီတာမင် B6 ၊ ဗီတာမင် စီ၊ ပရိုတင်းနဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ထောပတ်သီးထဲမှာ ပါဝင်တဲ့အဆီဓာတ်က ရောင်ရမ်းခြင်းကို လျော့ချပေးပြီး ကြွက်သားများ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေပါတယ်။

သင့်အနေနဲ့ ကိတ်ချင်တယ်ဆိုရင်တော့ ထောပတ်သီးတစ်ခြမ်းနဲ့ ကြက်ဥ ၂ လုံးခန့်ကို မနက်စာအဖြစ် စားသုံးနိုင်ပါတယ်။

ကြက်ဥ

တင်ပါးကိတ်ဖို့အတွက် အကောင်းဆုံးအစားအစာကတော့ ကြက်ဥပဲဖြစ်ပါတယ်။ ကြက်ဥထဲမှာ ကြွက်သားများ တောင့်တင်းအောင် ကူညီပေးမယ့် အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင်ဓာတ်များ ပေါကြွယ်ဝစွာပါဝင်ပါတယ်။

တစ်ပတ်ကို အနည်းဆုံး ကြက်ဥ ၂ လုံး၊ ၃ လုံးခန့် စားသုံးပေးသင့်ပါတယ်။

မှို

မှိုထဲမှာ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီဓာတ်နည်းပါးတဲ့အတွက်ကြောင့် ဟင်းရွက်ကြော်၊ အသုပ် စတဲ့အစားအစာတွေ စားတဲ့အခါ မှိုကို ထည့်သွင်းစားသုံးနိုင်ပါတယ်။

အမဲသား

အမဲသား ၄ အောင်စခန့်မှာ ပရိုတင်းဓာတ် ၂၈.၆၁ ဂရမ် ပါဝင်ပါတယ်။ ထိုကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အမဲသားက သင့်ကို အကိတ်လေး တစ်ယောက်လိုဖြစ်အောင် ကူညီပေးမှာပါ။

Source : stylecraze.com