အားလုံးပဲမင်္ဂလာပါနော်။ ဂျင်းက သင့်ကျန်းမာရေးအတွက် သိပ်ကိုကောင်းမွန်တယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ သင့်ကို အမြဲတမ်းကျန်းမာစေတဲ့ သဘာဝက ပေးထားတဲ့လက်ဆောင်မွန်လည်းဖြစ်ပါတယ်။
ဂျင်းရေနွေးကြမ်းကို မနက်စာ မစားခင် သောက်ပေးခြင်းဖြင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို၊ ဆီးမှန် ဝမ်းမှန်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကိုလည်း ပိုပြီးကျန်းမာစေမှာပါ။ အစာချေစနစ်ကိုလည်း ကောင်းမွန်စေသလို တစ်နေ့တာလုံးလန်းဆန်းစေမှာဖြစ်ပါတယ်။
ဂျင်းရေနွေးကြမ်းဘယ်လိုလုပ်မလဲ
ဂျင်းကို ပါးပါးလှီးပြီး ရေနွေးနဲ့ စိမ်ပြီးသောက်ရင်လည်းရပါတယ်။ ဒါပေမယ့် ခပ်ပူပူ အရသာကိုမကြိုက်ဘူးဆိုရင်တော့ အခုအောက်မှာ ဂျင်းရေနွေးကြမ်းလုပ်နည်းလေးကို ဖော်ပြပေးထားပါတယ်နော်။
ပါဝင်ပစ္စည်း
- သံပရာသီး တစ်လုံး (သို့) သံပယိုသီး အသေး တစ်လုံး
- ဂျင်း တစ်စိတ်
- ရေ ၁ခွက်ခွဲ
- သကြား (သို့) ပျားရည်
ပြင်ဆင်နည်း
အရင်ဆုံး ရေကိုပွက်ပွက်ဆူအောင်သည်လိုက်ပါ။ ရေမဆူခင်မှာ သကြား (သို့) ပျားရည်ထည့်ထားပါ။ ရေနွေးပွက်ပွက်ဆူရင် ဂျင်းကိုခပ်းပါးပါးလှီးပြီးထည့်လိုက်ပါ။ ၅ မိနစ်လောက် စိမ်ထားပြီး သံပရာသီး (သို့) သံပယိုသီး ညှစ်ကာ သောက်ပေးနိုင်ပါပြီနော်။
Source: www.steptohealth.com
Featured Image Source: powerofpositivity.com

