အစားအသောက်ကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးရမယ်ဆိုတာဟာ ပြောသလောက်တော့ မလွယ်ကူနိုင်ပါဘူး။ အထူးသဖြင့် အသင့်စား အစားအစာတွေ ဘယ်လောက်တောင် အရသာရှိသလဲဆိုတာကို သိနေတဲ့အချိန်ပါ။ ဘေးပတ်ပတ်လည်က ဝိုင်းနေတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တာများပြီး ငြင်းဆန်ဖို့ကလည်း အတော်ကိုခက်ခဲပါတယ်။

ဒါကြောင့် ဒီလိုမျိုး အစားအသောက်တွေကို စားချင်စိတ်ဖြစ်ပေါ်လာတဲ့အချိန်မှာ အစားထိုးပြီး စားသောက်နိုင်မယ့် အစားအစာအချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ ပါစတာအစား ကန်စွန်းဥအရသာနဲ့ ခေါက်ဆွဲများ စားပေးပါ

ပါစတာကြိုက်ပေမယ့်လည်း ခန္ဓာကိုယ်ကလည်း အချိုးအစားကျချင်တယ်ဆိုရင်တော့ ပါစတာခေါက်ဆွဲအစား ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ ကန်စွန်းဥအရသာရှိတဲ့ ခေါက်ဆွဲများ ပြောင်းစားပေးပါ။

၂။ ဂျုံမှုန့်ညက်နေရာမှာ ဂေါ်ဖီပန်းပွင့်ပေါင်မုန့်အချပ်ပါး အစားထိုးပါ

အသင့်စား အစားအစာများထဲတွင်တော့ ပီဇာကလူများအကြိုက်ပါ။ ဒီလိုမျိုး အရသာအလွန်ရှိတဲ့ အစားအသောက်ကို ကယ်လိုရီနည်းပါးစေဖို့အတွက် ပန်းဂေါ်ဖီနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်အချပ်ပါးကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။

၃။ အာလူးထောင်းအစား ပန်းဂေါ်ဖီအထောင်း

အာလူးထောင်းက အလွန်စားလို့ကောင်းပေမယ့်လည်း နို့၊ ထောပတ်အများအပြားနှင့် ချက်ပြုတ်ထားတာဖြစ်လို့ ကယ်လိုရီမတန်တဆပါဝင်ပါတယ်။ ဒါကြောင့် Diet လုပ်တာကို မထိခိုက်စေဖို့အတွက် အာလူးထောင်းအစား ပန်းဂေါ်ဖီအထောင်းကို ပြောင်းလဲစားသုံးပေးနိုင်ပါတယ်။

၄။ ထောပတ်၊ Mayonnaise နှင့် ဆီ တို့အစား Greek Yogurt အသုံးပြုပါ

ထောပတ်၊ ဆီတို့နှင့် ပြုလုပ်ထားတဲ့ အစားအစာတွေက အရသာပိုရှိပေမယ့်လည်း အဆီတွေအများကြီး စုပေါင်းနေပါတယ်။ မကြာခဏစားပေးပါက နှလုံးကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညီ စားသုံးခြင်းတယ်ဆိုရင်တော့ Greek Yogurt ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ကျန်းမာရေးအတွက်လည်း အထူးကောင်းပြီး Probiotics များ အပြည့်ပါဝင်ပါတယ်။

၅။ အာလူးချောင်းကြော်များထက် ကန်စွန်းဥချောင်းကြော်များ စားသုံးပေးပါ

ဝိတ်တက်မှာလည်း ကြောက်တယ်၊ ဒီလိုမျိုး အရသာရှိတဲ့ အစားအစာကိုလည်း လက်မလွှတ်ချင်ဘူးဆိုရင်တော့ တမျိုးလေးပြောင်းလဲစားသုံးပါ။ အာလူးအစား ကန်စွန်းဥ၊ ဆီထဲနှစ်ကြော်မယ့်အစား Oven ကိုအသုံးပြုတာတို့ ပြုလုပ်ပေးနိုင်ပါတယ်။

၆။ ပန်ကိတ်အနှစ်ကို ကြက်ဥ၊ ငှက်ပျောသီးတို့နဲ့ ပြုလုပ်ပါ

မနက်စာအနေနဲ့ ပန်ကိတ်ကို စားချင်တဲ့သူတွေအတွက် ငှက်ပျောသီးနဲ့ ကြက်ဥတို့ကို အသုံးပြုနိုင်ပါတယ်။ အခြားဂျုံမှုန့်တွေအစား ထိုပါဝင်ပစ္စည်းနှစ်မျိုးကို အသုံးပြုမယ်ဆိုရင် ဝိတ်တက်မှာလည်း ပူစရာမလိုဘဲ ကျန်းမာရေးနဲ့လည်း ညီညွတ်စွာ စားသုံးနိုင်မှာဖြစ်ပါတယ်။

၇။ ရေခဲမုန့်အစား သစ်သီးရေခဲချောင်းများ စားသုံးပါ

တခါတလေအချိန် အထူးသဖြင့် နွေရာသီလို ပူအိုက်တဲ့အချိန်မှာဆိုရင် ရင်ပူတာသက်သာဖို့ ရေခဲမုန့်လေးတော့ စားချင်ကြတာ လူတိုင်းပါပဲ။ ဒါပေမယ့်လည်း ထိုရေခဲမုန့်တွေမှာ အချိုဓာတ်များလို့ သစ်သီးရေခဲချောင်းလေးတွေ ပြောင်းလဲစားသုံးနိုင်ပါတယ်။