သင့်ရဲ့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓါတ်အပြည့်အဝရရှိဖို့လိုအပ်ပါတယ်။ ဒါမှ ရေဓါတ်ခမ်းခြောက်ခြင်းကနေ ရှောင်ကျဉ်နိုင်မှာပါ။ ရေဓါတ်ခမ်းခြောက်ရင် သွေးဖိအားတက်လာနိုင်ပြီး ကိုလက်စထရောလည်းတက်လာနိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုဖြစ်စေနိုင်သလို အဝလွန်တာနဲ့ ကင်ဆာရောဂါထိ ဖြစ်စေနိုင်ပါတယ်။

ဒီလိုရေဓါတ်ခမ်းခြောက်တာတွေကို ကာကွယ်နိုင်ဖို့နဲ့ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် နနွင်းနဲ့ ဂျင်းဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း (ဂျင်း ၂ လက်မလောက်တစ်စိတ်ကိုလည်း အသုံးပြုနိုင်ပါတယ်။)
  • ရေ ၁ ခွက်
  • ပျားရည် ခွက် ၁/၄ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃/၄

ပြုလုပ်နည်း

lemon-ginger-turmeric-cinnamon

ဂျင်း နနွင်းနဲ့ ငရုတ်ကောင်းမှုန့်ကို အိုးအသေးတစ်လုံးထဲထည့်ပါ။ ရေတစ်ခွက်လောင်းထည့်ပြီး ဆူအောင်သည်ပါ။ ပြီးရင် ၂ မိနစ်လောက်ထပ်ထားပြီး မီးဖိုးပေါ်ကချပါ။ ပျားရည်ထည့်ပြီး ဖုံးထားပါ။ ပြီးရင် ၁ နာရီလောက်ထားပါ။ တစ်ညလုံးလည်းထားလို့ရပါတယ်။ ပြီးရင် မွှေပေးပါ။

အဲဒီနောက် ရေ ၃ ခွက်ထပ်ရောပြီး ခရားတစ်လုံးထဲထည့်ပါ။ ပြီးရင်ရေခဲသေတ္တာထဲထည့်ထားပါ။ မထည့်ချင်ရင်လည်း ရေခဲထည့်ပြီး တစ်ခွက်သောက်လို့ရပါတယ်။ အရသာပေါ်မူတည်ပြီး ရေထပ်ထည့်ချင်ထည့်ပါ။