နွေဦးကိုရောက်ရှိလာပြီဆိုတာနဲ့ ဈေးတွေမှာ ရောင်းအားကောင်းလာတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ကညွတ်လည်းအပါအဝင်ပါပဲ။ ကြော်သည်ဖြစ်စေ၊ ကင်သည်ဖြစ်စေ ဘယ်လိုနည်းနဲ့ပဲချက်ချက် အလွန်စားကောင်းပြီး အထူးအရသာရှိတဲ့ ကညွတ်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးအမျိုးမျိုးကို ပေးစွမ်းနိုင်တယ်ဆိုတာကို သိပြီးကြပြီလား။

A, B1, B2, B3, B6, C, E နှင့် K ဗီတာမင်အစုံအလင်ပါဝင်ပြီး သံဓာတ်၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ် နှင့် အမီနိုအက်စစ် စသဖြင့် အာဟာရဓာတ်မျိုးစုံလည်း ပေါင်းစပ်ပါဝင်နေပါတယ်။ ထို့အပြင် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဆိုဒီယမ်နှင့်ရေဓာတ်ပါဝင်မှုအလွန်မြင့်မားပါတယ်။

ဒီလိုမျိုးကောင်းကျိုးတွေ မျိုးစုံပါဝင်တဲ့ ကညွတ်က သင့်ကျန်းမာရေးကို ဘယ်လိုကောင်းကျိုးတွေပေးစွမ်းနိုင်သလဲဆိုတာကို သိရှိနိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၁။ ကင်ဆာကာကွယ်ပေးခြင်း

သင့်ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေသည့် ရေဒီယိုသတ္တိလှိုင်းများကို တိုက်ထုတ်ပေးပြီး အရိုး၊ ရင်သား၊ အူမကြီး၊ လည်ပင်း၊ အဆုတ် အစရှိသည့် ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

၂။ အစာခြေဖျက်မှုကိုကူညီပေးခြင်း

ကညွတ်တွင် ဝမ်းသွားစေသည့် ဓာတ်သတ္တိပါဝင်တာကြောင့် အစာများကိုအူမှတဆင့် ရွေ့လျားရလွယ်ကူအောင် ကူညီပေးပါတယ်။ သည့်အပြင် ရေဓာတ်မြင့်မားသည့်အတွက် ဝမ်းချုပ်ခြင်းကို တားဆီးပေးပါတယ်။

၃။ အရိုးသန်မာစေခြင်း

ဗီတာမင်ကေမြင့်မားတာကြောင့် အရိုးကျန်းမာရေးကို အထူးကောင်းမွန်စေကာ ပျက်စီးနေသည့်အရိုးအဆစ်များကိုပါ ပြန်လည်သက်သာမှုရှိစေပါတယ်။

၄။ နှလုံးကျန်းမာရေးကို အထောက်အပံ့ပေးခြင်း

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပေါ်မှုနှင့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများတွင် သွေးခဲခြင်းတို့ကို ဟန့်တားပေးနိုင်ပါတယ်။ သွေးပေါင်ချိန်မြင့်မားတတ်သူများနှင့် အခြားနှလုံးဆိုင်ရာရောဂါရှိသူများအတွက် ကညွတ်စားသုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။

၅။ ဦးနှောက်မှတ်ဉာဏ်အားကောင်းစေခြင်း

ကညွတ်ကိုမှန်မှန်စားသုံးပေးခြင်းက ဦးနှောက်ကို အယ်ဇိုင်းမားကဲ့သို့ ရောဂါများဖြစ်ပွားမှုမှ ကာကွယ်ပေးမှာဖြစ်ပါတယ်။

၆။ မျက်လုံးအားကောင်းစေခြင်း

ကညွတ်တွင် Zeaxanthin ဟုခေါ်သော မျက်လုံးအတွက်ကောင်းမွန်သည့် ဓာတ်သတ္တိပါဝင်တာကြောင့် မျက်လုံးအားကို ကောင်းစေပါတယ်။ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်များ မျက်လုံးကိုထိရောက်မှုကြောင့် ပျက်စီးမှုမှလည်း ကာကွယ်ပေးပါတယ်။

၇။ အိုမင်းခြင်းကိုနှေးကွေးစေခြင်း

အရေးအကြောင်းများ၊ အသားအရေပျော့တွဲခြင်းများ၊ ပါးရေနားရေတွန့်ခြင်းတို့ကဲ့သို့ အိုမင်းခြင်းလက္ခာရပ်များဖြစ်ပေါ်မှုမှ ကာကွယ်ပေးသည့် ဗီတာမင်အီး ကညွတ်တွင်ပါဝင်ပါတယ်။ ရေဒီယိုလှိုင်းများကြောင့် တစ်သျှူးများပျက်စီးခြင်းမှ အသားအရေကိုကာကွယ်ပေးတာကြောင့် သင့်ကိုငယ်ရွယ်နုပျိုသည့်အသွင်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။