ဝိတ်ကျချင်သူများအနေနဲ့ မိမိရဲ့ စားသောက်မှုစနစ်ကို မဖြစ်မနေပြောင်းလဲရမှာပဲဖြစ်ပါတယ်။ အရင်ကလို စားချင်တာတွေ စားလို့မရတော့ပါဘူး။ အထူးသဖြင့် အာလူးကြော်၊ ဟမ်ဘာဂါ စတဲ့ သရေစာကြိုက်နှစ်သက်သူများအနေနဲ့ အထူးဆင်ခြင်ရပါမယ်။ ဝိတ်လည်းကျချင်တယ် သရေစာကိုလည်း ဖြတ်လို့မရဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် သရေစာတွေကို စားသုံးပေးနိုင်ပါတယ်။

စပျစ်သီး

စပျစ်သီးရဲ့ ကျန်းမာရေးအစွမ်းထက်ပုံ

စပျစ်သီးတွေက သကြားဓာတ်ပါဝင်မှုများတယ်ဆိုပေမယ့် ကယ်လိုရီပါဝင်မှုကတော့ နည်းပါတယ်။ စပျစ်သီး ပန်းကန်လုံးတစ်လုံးစာခန့်ကိုမှ ကယ်လိုရီ ၁၀၀ ခန့်ပဲ ပါဝင်တာဖြစ်ပါတယ်။ ကယ်လိုရီနည်းတဲ့အတွက်ကြောင့် ဝိတ်တက်လာမှာကို စိုးရိမ်စရာမရှိပါဘူး။

ချောကလက်

ဝိတ်ကျချင်တယ်ဆိုတာနဲ့ပဲ ကိုယ် ကြိုက်နှစ်သက်တဲ့ အစားအစာတွေအကုန်လုံးကို လုံးဝရှောင်ကြဉ်စရာမလိုပါဘူး။ တစ်ချိန်လုံး ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်နေတာမျိုးမလုပ်ဘဲ ရံဖန်ရံခါကျရင် စိတ်အလိုလိုက်ပေးလို့ရပါတယ်။ မိမိကြိုက်လှပါတယ်ဆိုတဲ့ ချောကလက်ကိုလည်း သရေစာအနေနဲ့ စားသုံးနိုင်ပါတယ်။ သို့သော် အမြဲတမ်းကြီး စိတ်အလိုလိုက်နေလို့တော့ မရပါဘူး။

ပေါက်ပေါက်ဆုပ်

ပေါက်ပေါက်ဆုပ်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် သင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်လည်း ပေးစွမ်းနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်စားချင်တယ်ဆိုရင်တော့ ဆေးသကြားပါဝင်မှုများတဲ့ ဒိန်ချဉ်အစား သဘာဝဒိန်ချဉ်စစ်စစ်ကိုသာ ရွေးချယ်စားသုံးပေးရပါမယ်။

Grapefruit

Grapefruit သီးတစ်လုံးမှာ ကယ်လိုရီ ၁၀၀ ခန့်နဲ့ အမျှင်ဓာတ် ၄ ဂရမ်ပါဝင်ပါတယ်။ လေ့လာချက်အရ အစား စားပြီးတိုင်း (သို့) စားနေစဉ်မှာ Grapefruit သီးကို စားသုံးပေးမယ်ဆိုရင် ၃ လကြာတဲ့အခါ ကိုယ်အလေးချိန် ၃ ပေါင်ခွဲခန့် လျော့ကျသွားတယ်လို့ သုသေသနပညာရှင်တွေက ပြောကြားထားပါတယ်။

Source: Eatingwell.com