မင်္ဂလာပါ ပျိုမေတို့ရေ… ကိုယ်အလေးချိန်လည်းလျော့ချင်တယ် အစားအသောက်တွေကိုလည်း ထိန်းချုပ်ချင်တဲ့စိတ်မျိုးမရှိတဲ့ ပျိုမေတွေ ဒီစာကိုဖတ်နေတယ်ဆိုရင်တော့ နည်းလမ်းကောင်းတွေကို ရှာတွေ့မှာပဲဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ အစားအသောက်တွေကိုထိန်းပြီးတော့ ဝိတ်ချနေစရာမလိုမယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုမရှိအောင်နေထိုင်ပါ

စိတ်ဖိစီးမှုမရှိအောင်နေထိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလွန်းလှပါဘူး။ လူရယ်လို့ဖြစ်လာပြီး လူပတ်ဝန်းကျင်မှာနေထိုင်နေတဲ့အခါမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ စိတ်ညစ်စရာတွေဆိုတာ ရှိလာတတ်တာပဲလေ။ လူတစ်ယောက်က စိတ်ဖိစီးမှုတွေအရမ်းများလာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကြောင့် ခဏခဏစားမိတာမျိုးတွေရှိလာတတ်ပါတယ်။

ရေများများသောက်ပေးပါ

ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးလွန်းပါတယ်။ ကိုယ်အလေးချိန်လျော့နည်းချင်တယ်ဆိုရင် ရေများများသောက်ပေးရမယ်ဆိုတဲ့ စကားကိုလည်းပျိုမေတို့ မကြာခဏကြားဖူးနေပါလိမ့်မယ်။ ရေများများသောက်တာက အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီး ခဏခဏ စားချင်စိတ်ဖြစ်တာတွေကိုလည်း ထိန်းချုပ်ပေးထားနိုင်ပါတယ်။

ပရိုတင်းဓာတ်ပါတာတွေကို စားသုံးပေးပါ

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်ကလည်းလိုကို လိုအပ်တဲ့အရာပါပဲ။ မနက်စာမှာထဲက ပရိုတင်းဓာတ်ပါအောင် စားပေးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး ဝိတ်ချဖို့အတွက်လည်း အထူးတလည်ကြိုးစားနေစရာမလိုတော့ပါဘူး။

လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ပေးပါ

Gym ကိုပုံမှန်သွားဖို့အခက်အခဲရှိတယ်ဆိုရင်တောင် မနက်ပိုင်းမှာစောစောထပြီး ပြေးတာမျိုး၊ အပြင်သွားတဲ့အခါတွေမှာ လမ်းများများလေ ျှာက်ပေးတာမျိုးတွေက ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်စေပြီး ကယ်လိုရီတွေကိုလည်း ကောင်းကောင်းလောင်ကျွမ်းစေတာကြောင့် အစားလျော့ပြီးဝတ်ကျအောင် လုပ်နေစရာမလိုပါဘူး။

အိပ်ရေးဝအောင်အိပ်ပါ

တစ်ချို့တွေက အိပ်ရာဝင်နောက်ကျရင် ကိုယ်အလေးချိန်လည်းလျော့လာမယ်လို့ ထင်နေတတ်ကြပါတယ်။ အမှန်တကယ်ကတော့ အိပ်ယာဝင် နောက်ကျတာတွေ အိပ်ရေးကောင်းကောင်းမဝနေတာတွေက ကိုယ်အလေးချိန်ကိုပိုပြီးတော့ တိုးလာစေနိုင်ပါတယ်။

Photo Source: Shutterstock