ခံတွင်းရနံ့ဆိုးခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှုနည်းနေပြီး လူအများနဲ့ မျက်နှာချင်းဆိုင် စကားပြောရတာ ရှက်ရွံ့နေပါသလား။ သင့်အနေနဲ့ သွားကို တစ်နေ့နှစ်ကြိမ် မှန်မှန်တိုက်ရုံနဲ့ သွားကျန်းမာရေးအတွက် လုံလောက်ပြီလို့ ထင်တတ်ပါတယ်။

တကယ်တော့ တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးရုံအပြင် အခုဖော်ပြပေးမယ့် နည်းလမ်းတွေကိုလည်း ပြုလုပ်ပေးရပါမယ်။ ဒါဆိုရင်တော့ သင့်ရဲ့ခံတွင်းရနံ့က သင်းပျံ့နေပါလိမ့်မယ်။

သံပုယိုသီးနှင့် လိမ္မော်သီးအခွံ

ထိုသစ်သီးများကို စားသုံးပြီးတဲ့အခါ အခွံကို မလွှင့်ပစ်ဘဲ ရေဆေးလိုက်ပါ။ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးတဲ့အခါ ပါးစပ်ထဲ ထည့်ဝါးပေးလိုက်ပါ။ ထိုသစ်သီးအခွံထဲမှာ ပါဝင်တဲ့ အချဉ်ဓာတ်က တံတွေးဂလင်းကို လှုံ့ဆော်ပေးပြီး ခံတွင်းရနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ပါတယ်။

ပင်စိမ်းရွက်

ခံတွင်းရနံ့ဆိုးများကို ဖယ်ရှားရာမှာ ပင်စိမ်းရွက်ကတော့ ဆရာတစ်ခုပါပဲ။ ထိုအရွက်ကို လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက အသုံးပြုလာခဲ့တာပဲဖြစ်ပါတယ်။ ထိုအရွက်ကို ဒီအတိုင်း ဝါးစားလို့လည်း ရသလို ဖျော်ရည်အဖြစ် ဖျော်သောက်လို့လည်း ရပါတယ်။ ထိုကဲ့သို့ သောက်သုံးခြင်းအားဖြင့် ခံတွင်းရနံ့ကို သင်းပျံ့စေရုံသမကဘဲ အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

သစ်ကြမ်းပိုးခေါက် အသုံးပြုပါ

သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲတို့ဖြင့် သမအောင် ရောမွှေပါ။ ထို့နောက် ရေနွေးနွေ ဖန်ခွက်တစ်ခွက်ဖြင့် ထည့်ဖျော်ပေးလိုက်ပါ။ ပြီးရင်တော့ သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းထဲ ထည့်ကာ သိုလှောင်ထားနိုင်ပါတယ်။

ရရှိလာတဲ့ သစ်ကြမ်းပိုးခေါက် ဖျော်ရည်ကို စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ခပ်ယူပြီး တစ်မိနစ်ခန့် ပလုတ်ကျင်းပေးရပါမယ်။ ဒါဆိုရင်တော့ သင့်ခံတွင်းရနံ့ကို စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချနိုင်ပါပြီ။

Source: Awaaznation.com