ငါးစားရင် အသက်ရှည်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာမှန်ပေမယ့်လည်း အချို့ငါးတွေဟာ စားဖို့ မသင့်တော်တဲ့ငါးတွေ ရှိပါတယ်။ စားဖို့ မသင့်တော်ဘူးဆိုတဲ့အပိုင်းမှာ မချက်ပြုတ်တတ်တဲ့အခါမျိုးတွေမှာ ကျန်းမာရေးအကျိုးကျေးဇူးမရဘဲ လူကို ဒုက္ခပြန်ပေးနိုင်တာမျိုး ရှိသလို အချို့ငါးတွေကတော့ အဆိပ်ရှိတာကြောင့် စားဖို့ မသင့်တော်တတ်ပါဘူး။ ထူးထူးခြားခြား ငါးတစ်မျိုး အကြောင်းကို မျှဝေချင်ပါတယ်။ သူကတော့ Fugu ငါးပါ။

fugufish-in-water

ငါးတွေထဲမှာတော့ Fugu ငါးဟာ သေချာမပြင်ဆင်ဘဲ သတ်ဖို့ခက်ခဲတဲ့ငါးအဖြစ် နာမည်ကြီးပါတယ်။ Fugu ဆိုတဲ့ အဓိပ္ပါယ်ဟာ တရုတ်စကားအရ မြစ်နဲ့ဝက်ကို ပေါင်းထားတဲ့ စကားလုံးဖြစ်ပါတယ်။ မြစ်ဝက်ပေါ့ Pufferfish, Blowfish, Globefish ဆိုပြီးလည်း လူသိများကြပါတယ်။ သူ့ကို ဖမ်းမယ်ဆိုရင်တော့ ရေတွေနဲ့ပါ ရောပြီး ဖမ်းဖို့ လိုပါတယ်။ Fugu ဟာ လူကို သေစေနိုင်တဲ့အဆိပ်တွေပါဝင်တဲ့ ငါးတစ်မျိုးလည်းဖြစ်ပါတယ်။ ငါးရဲ့ အရေပြား၊ အရိုးနဲ့ ကလီစာတွေမှာ အဆိပ်တွေ ရှိပါတယ်။

cook-fugu

ဒါပေမယ့် Fugu ငါးကို ဂျပန်မှာ စားကောင်းသောက်ဖွယ် ဈေးကြီး အစားအစာ အနေနဲ့ ရောင်းချနေတာ နှစ်ပေါင်း ကြာခဲ့ပါပြီ။ ဂျပန်မှာ Fugu ငါး ရောင်းချတဲ့ ဆိုင်ပေါင်း ၃၈၀၀ လောက် ရှိနေပါပြီ။ ဒါပေမယ့် အဲ့ဒီငါးကို ချက်ဖို့ စားဖိုမှူးတွေ အတွက် ဥပဒေ တစ်ခုတော့ သတ်မှတ်ထားပါတယ်။ ငါးကို ချက်မယ့်စားဖိုမှူးတွေဟာ ငါးကိုင်နည်းကို သင်တန်းတက်ပြီး အောင်မြင်တဲ့ လက်မှတ်ရယူဖို့ လိုပါတယ်။ သင်တန်းပြီးတဲ့နေ့မှာပဲ စားဖိုမှူး ကိုယ်တိုင် ငါးကို ကိုင်ပြီး ချက်ရပါတယ်။ ပြီးတော့ ကိုယ်တိုင် စားရပါတယ်။ ဆိုလိုတာကတော့ ငါးမှာ ပါတဲ့ အဆိပ်တွေကို ဘယ်လိုမျိုး ဖယ်ရှားမလဲဆိုတာ အရေးအကြီးဆုံးမို့ သင်တန်းပေးတဲ့ သဘောပါ။ ကျွမ်းကျင်သွားတဲ စားဖိုမှူးတွေကိုသာ ဒီငါးကို ချက်ခိုင်းရပါမယ်ဆိုတဲ့ ဥပဒေပါ။

fugufish

စားသောက်ဆိုင်တွေမှာတော့ Fugu ငါးကို တစ်ခါတစ်ရံ အစိမ်း စားကြပါတယ်။ ဂျပန်တွေရဲ့ ထုံးစံအတိုင်း ဆာရှီမီအနေနဲ့ စားကြပါတယ်။ ငါးကို ပါးပါးလေးတွေ လှီးပြီး အရသာ ရောထားပါတယ်။ ကြက်သားရဲ့ အရသာနဲ့ ခပ်ဆင်ဆင်ပါ။ ဒီငါးကို စားမယ်ဆိုရင်တော့ စားဖိုမှူးဟာ ငါးကိုင်ဖို့ လက်မှတ် ရမရ အရင်ဆုံး စစ်ဖို့ လိုပါတယ်။ ဒီငါးကို ဥရောပ နိုင်ငံတွေမှာတော့ မစားဖို့ တားမြစ်ထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်မှာတော့ စားကြပါတယ်။ ဂျပန်မှာတော့ အချို့လက်ဆောင်ပစ္စည်းတွေကို Fugu ငါးရဲ့အရေခွံနဲ့ လုပ်ပြီး ရောင်းလေ့ရှိပါတယ်။ ပိုက်ဆံအိတ်လိုမျိုးနဲ့ အရုပ်တွေကိုပါ။

Source: news.com.au