သင့်ရဲ့ စားသောက်မှုပုံစံက သင့်ရဲ့ အသားအရေအပေါ် အကျိုးသက်ရောက်မှုများစွာ ပေးစွမ်းနိုင်တယ်ဆိုတာကို သင် သိပါသလား။ မိမိစားသုံးလိုက်တဲ့ အာဟာရ ပမာဏပေါ် မူတည်ပြီး အသားအရေက ကြည်လင်ဝင်းပသွားနိုင်သလို စားသောက်မှုစနစ်မှားယွင်းသွားပါကလည်း အသားအရေတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားတတ်ပါတယ်။

ဈေးကြီးတဲ့ Skincare ပစ္စည်းတွေ သုံးပြီး အသားအရေ မထိန်းသိမ်းလို့ ဝက်ခြံထွက်ရတာဆိုပြီး အတွေးဝင်နေမယ်ဆိုရင် ထိုအတွေးတွေကို အဝေးသို့ လွှင့်ပစ်လိုက်ပါတော့။ အမှန်တကယ်တော့ ဟော်မုန်းပမာဏ မညီမျှခြင်းကြောင့် ဝက်ခြံထွက်ရခြင်းဖြစ်ပါတယ်။

ဒါဆိုရင် ဟော်မုန်းပမာဏ ညီမျှဖို့နဲ့ ကြည်လင်ရှင်းသန့်တဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့အတွက် ဘယ်လိုစားသုံးသင့်သလဲ။

Glycemic ပါဝင်မှုနည်းသော အစားအစာများ

သင့်သွေးတွင်း သကြားဓာတ်ကို အနှောင့်အယှက်မပေးနိုင်တဲ့ အစားအစာတစ်ခုကတော့ Glycemic ပါဝင်မှုနည်းတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ Glycemic ပါဝင်မှုနည်းတဲ့ အစားအစာတွေကတော့ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ မှို၊ ငရုတ်ပွအနီ၊ ဆန်လုံးညို၊ ကီဝီသီး၊ အုန်းသီး၊ မြေပဲနဲ့ လိမ္မော်သီးတို့ပဲဖြစ်ပါတယ်။

အိုမီဂါသရီးနှင့် ဖက်တိအက်ဆစ်ကြွယ်ဝသော အစားအစာများ

ဖက်တိအက်ဆစ်များကို ဟင်းသီးဟင်းရွက်အချို့တွင် ပါဝင်ပြီး ဥအမျိုးမျိုးနဲ့ ငါး စတဲ့ အစားအစာတွေထဲမှာတော့ ကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာချက်များအရ အိုမီဂါသရီး ဖက်တိအက်စစ်က ရောင်ရမ်းမှုကို သက်သာစေပြီး ဝက်ခြံထွက်နှုန်းကို လျော့ချပေးမှာပဲဖြစ်ပါတယ်။ အိုမီဂါသရီး ကြွယ်ဝတဲ့အစားအစာတွေကတော့ မက်ကရယ်ငါး၊ ဆော်လမွန်ငါး၊ ပင်လယ်ငါးသလောက်၊ ငါးသေတ္တာငါး၊ ငါးကြီးဆီ၊ ပဲပိစပ် စတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

ဗီတာမင် အေ၊ ဗီတာမင် ဒီနဲ့ ဗီတာမင် အီး ကြွယ်ဝသော အစားအစာများ

ဗီတာမင် အေက ဝက်ခြံတွေကို တိုက်ဖျက်ပေးပြီး ဗီတာမင် ဒီနဲ့ ဗီတာမင် အီးကတော့ ဝက်ခြံထွက်နှုန်းကို လျော့နည်းစေတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ကန်စွန်းဥ၊ ကြက်ဥအနှစ်၊ မုန်လာဥနီ၊ မှို၊ တူနာငါး၊ ဆော်လမွန်ငါး၊ မှို၊ ဟင်းနုနွယ်၊ သံလွင်ဆီ၊ ထောပတ်သီးနဲ့ ခရမ်းချဉ်သီး စတဲ့ အစားအစာတွေထဲမှာ ထိုဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

Antioxidant ကြွယ်ဝသော အစားအစာများ

Antioxidant ကြွယ်ဝတဲ့ အစားအစာများကို စားသုံးခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် ဝက်ခြံတွေ မပေါက်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ Antioxidant ကြွယ်ဝတဲ့ အစားအစာတွေကတော့ အနက်ရောင်ချောကလက်၊ ဘယ်ရီသီးများ၊ တရုတ်နံနံ၊ ပန်းဂေါ်ဖီစိမ်း၊ Green Tea နဲ့ ခရမ်းချဉ်သီးတို့ပဲဖြစ်ပါတယ်။

Source: stylecraze.com