MyFood Myanmar ရဲ့ စာဖတ်သူတွေကတော့ ဂျင်းရဲ့ ကျန်းမာရေး အကျိုးပြုပုံတွေနဲ့ ရင်းနှီးနေလောက်ပြီထင်ပါတယ်နော်။ အလှအပအတွက်ရော ကျန်းမာရေးအတွက်ရော တကယ်ကို ကောင်းမွန်တဲ့ သဘာဝဆေးတစ်လက်မို့ အိမ်မှာ စိုက်ပျိုးထားတာကလည်း မမှားပါဘူး။

how-to-grow-endless-supply-of-alkalizing-anti-inflammatory-ginger-turmeric-and-garlic-at-home

အပျင်းလည်းပြေသလို ဓါတ်တုဆေးတွေမသုံးဘဲ စိုက်ပျိုးမှာမို့ သိပ်ကို အကျိုးရှိပါတယ်။

ဂျင်းမျိုးကို စတိုးဆိုင်တွေမှာ ၀ယ်ယူလို့ရပေမဲ့ ဥယျဉ်ခြံမြေတွေမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်ဝယ်ယူစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုင်တွေမှာ ၀ယ်တာက အရည်အသွေးညံ့လို့ပါ။ ပြီးရင် အမြစ်ပါတာကိုဝယ်ယူပြီး ဂျင်းမျိုးကို ရေစိမ်ပေးထားရပါမယ်။ တညလုံးစိမ်ပေးထားပါ။ ဒါမှ ပိုးသတ်ဆေးကို ဖယ်ရှားနိုင်မှာပါ။

ဂျင်းမျိုးကိုယူရာမှာ အမြစ်များတာကို ရွေးယူပါ။ ကျယ်ပြီး နက်တဲ့ အိုးကိုရွေးပါ။ ဘာလို့လဲဆိုတော့ ဂျင်းဥက အလျားလိုက် ဥတာဖြစ်ပါတယ်။

စိုက်ပျိုးနည်းအဆင့်ဆင့်

how-to-grow-gingerhome-grown-ginger-480x635growing-ginger

အပေါ်မှာပြောခဲ့သလိုပဲ ဂျင်းအမြစ်ကို တစ်ညလောက် ရေစိမ်ထားပါ။ ပြီးရင် သဘာဝမြေသြဇာကောင်းတဲ့ မြေကိုယူပြီး အိုးထဲမှာထည့်ပါ။ ပြီးရင် အိုးထဲမှာ ဂျင်းကိုထည့်ပြီး ဂျင်းအမြစ်ကို ၁ လက်မကနေ ၂ လက်မထိ မြေကြီးထဲနှစ်ထားပါ။ ပြီးရင် ရေနည်းနည်းလောင်းပေးပါ။

အိုးကို နွေးတဲ့နေရာမှာထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နေရောင်ချည် သိပ်ကျတဲ့နေရာတော့မဖြစ်ရပါဘူး။
အပင်ကို မကြာခဏဆိုသလို ရေဖြန်းတဲ့ ပုလင်းထဲ ရေထည့်ပြီး ရေဖြန်းပေးပါ။ ရက်သတ္တပတ်အနည်းငယ်ကြာရင် အညှောင့်ထွက်လာမှာဖြစ်ပါတယ်။ ရေကို ပုံမှန်လောင်းပေးဖို့လိုပါတယ်။

ဂျင်းကိုတူးခြင်း

How-to-Grow-an-Endless-Supply-of-Ginger-Indoors-500x264

၃ လ ၄ လလောက်ကြာရင် ဂျင်းကိုတူးလို့ရပါပြီ။ ဂျင်းမြစ်တွေပါလာတဲ့ထိ တူးပြီး နုတ်ပေးပါ။ ပြီးရင် နောက်ထပ် ထပ်စိုက်လို့ရပါတယ်။

Credit: healthyfoodproteam.com