အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ခရမ်းချဉ်သီးကို လတ်လတ်ဆတ်ဆတ်လေး သုံးဆောင်လို့ရအောင် ဘယ်လိုစိုက်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ ခရမ်းချဉ်သီးစေ့ကို အရင်ပျိုးထားပါ

မျိုးကောင်းပြီး အလုံးလှတဲ့ခရမ်းချဉ်သီး အမှည့်ကိုယူ အစေ့တွေကို ရွေးချယ်ပြီး ပျိုးထားပေးရပါမယ်။ အိုးထဲမှာဖြစ်ဖြစ်၊ ပလတ်စတစ်ဘူးထဲမှာဖြစ်ဖြစ် မြေဆီလွှာကောင်းတဲ့ မြေဆွေးထည့်ပြီး ပျိုးထားပေးလိုက်ပါ။ ရေမှန်မှန်လောင်းပေးပါ။

၂။ အပင်လေးတွေထွက်လာတဲ့အခါ

အပင်လေးတွေထွက်လာပြီဆိုရင်တော့ အဲဒီအပင်ပေါက်လေးတွေထဲက သန်တဲ့ အပင်လေးတွေကို အိုးအကြီးထဲမှာ ပြောင်းစိုက်ပေးနိုင်ပါတယ်။

၃။ ရေမှန်မှန်လောင်းပေး

အပင်လေးတွေကို ရေမှန်မှန်လောင်းပေးပါ။ ခရမ်းချဉ်သီးက ပူအိုက်တဲ့ရာသီဥတုကိုနှစ်သက်တာမို့ နေရောင်ပြပြရတဲ့ နေရာမှာ ထားထားပါ။

၄။ သဘာဝမြေသြဇာထည့်ပေးနိုင်ပါတယ်

သဘာဝက ရတဲ့ မြေသြဇာ နွားချေးခြောက် စတာတွေကို ထည့်ပေးနိုင်ပါတယ်။

၅။ လတ်လတ်ဆတ်ဆတ် အသီးလေးတွေကိုခူးစားနိုင်

ခရမ်းချဉ်သီးကို အိမ်တွင်းမှာဘယ်လိုစိုက်မလဲ

ခရမ်းချဉ်သီးသီးလာရင် မှည့်တဲ့အသီးပဲဖြစ်ဖြစ် အစိမ်းစားချင်ရင်ပဲဖြစ်ဖြစ် လတ်လတ်ဆတ်ဆတ်ခူးစားနိုင်ပါတယ်နော်။ ကိုယ်တိုင်စိုက်တာဆိုတော့ ပိုပြီးတော့လည်း ချိုတယ်။ စိတ်လည်းချမ်းသာတယ်။

Photo: www.wiki.com

www.quickcrop.ie